News

Words
81
Reading
1 min
Listen
Play
9y

အမေရိကန် ပြည်ထောင်စု Texas ပြည်နယ်မှာ အခုလ အတွင်း ဆက်တိုက် ဗုံး ခွဲတိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တယ်လို့ သံသယ ရှိသူက သေဆုံး သွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

Austin ရဲချုပ် Brian Manley က အဲဒီလူဟာ ရဲတွေက လိုက်ဖမ်းစဉ် ကားထဲမှာ သူ့ကိုယ်သူ ဖောက်ခွဲ ပစ်ခဲ့တာလို့ ပြောပါတယ်။

Austin ရဲတပ်ဖွဲ့ အထူး လက်နက်များနဲ့ နည်းပညာဌာနက SWAT ရဲတပ်ဖွဲ့ဝင်တွေ ကားနားကို ကပ်သွားတော့ အဲဒီ မသင်္ကာသူက ကားထဲက ဗုံးကို ဖောက်ခွဲ ပစ်ခဲ့တယ်၊ SWAT ရဲ အရာရှိ တယောက် နောက်ပြန်လဲသွားပြီး အဲဒီ လူကို လည်း ပစ်ခတ်ခဲ့တယ်လို့ Brian Manley က ပြောပါတယ်။

မသင်္ကာသူလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မသင်္ကာသူက အသက်၂၀ ဝန်းကျင် လူဖြူ တယောက် ဖြစ်ပါတယ်။

သူက ပါဆယ်ဗုံးတွေ နဲ့ တိုက်ခိုက်မှုမှာ ပတ်သက်သူလို့ ရဲတွေက ယူဆ
နေကြပေမယ့် ဘာကြောင့် တိုက်ခိုက်တယ် ဆိုတာတော့ မသိရပါဘူး။

#ဘီဘီစီမြန်မာပိုင်း image