Love

toenaing(9)
Published in
#love
Words
70
Reading
1 min
Listen
Play
8y

ဘယ်သူ့ကိုမှ မမုန်းပါဘူး
ဒါပေမဲ့ အမုန်းခံရတယ်

ဘယ်သူ့ကိုမှ အငြိုးမထားပါဘူး
ဒါပေမဲ့ အငြိုးထားခံရတယ်

ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး
ဒါပေမဲ့ ဒုက္ခပေးခံရတယ်

ဘယ်သူ့ကိုမှ ရန်လိုစိတ်မမွေးပါဘူး
ဒါပေမဲ့ ရန်လိုခြင်းခံရတယ်

ဘယ်သူ့ကိုမှ မယှဉ်ပြိုင်ခဲ့ပါဘူး
ဒါပေမဲ့ ယှဉ်ပြိုင်ခြင်းခံရတယ်

ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါဘူး
ဒါပေမဲ့ အပြစ်တင်ခြင်းခံရတယ်

ဘယ်သူ့ကိုမှ မရှုံ့ချခဲ့ပါဘူး
ဒါပေမဲ့ ရှုံ့ချခြင်းခံရတယ်

ဘယ်သူ့ကိုမှ နစ်နာမှုမပေးပါဘူး
ဒါပေမဲ့ အနစ်နာခံရတယ်

မိမိကိုယ်ကို မှန်ကန်စွာနေသော်လည်း
အမှားတစ်ရံလို ဖွဲ့နွှဲ့ကြတယ်

တစ်ခါတလေ ဤလောကကြီးကို
စိတ်ကုန်မိတာတော့ အမှန်ပဲ

သို့ပေမဲ့ မိမိမှာ တွယ်တာစရာ
သံယောဇဉ်ကြိုးတွေ ရှိနေသေးတယ်လေ

ရိုးရှင်းစွာ ဘဝကို နေထိုင်ကြသူတွေကြမှ
ဘာလို့ လာ၍ ရှုတ်ထွေးမှုတွေ ပေးချင်နေရတာလဲ

ဖြစ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တယ်
တန်ပြန်မှုတွေနဲ့ လာပြီးတော့ မသက်ရောက်ပါနဲ့

ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ပါဘူး
မိမိဆီက မေတ္တာနဲ့စေတနာသာ အကျိုးရှိစွာ
အသုံးချကြပါ ဒါဆိုရင် မိမိအတွက် စိတ်ချမ်းသာရတယ်။ ။

#နွေမိုးသား(√) image

Love | Ecency