ဘဝမှာ နေတတ်ဖို့.

tkko(32)
Published in
#artzone
Words
57
Reading
1 min
Listen
Play
8y

image
ဘဝဆိုတာ
ခဏတာ ယာယီလေးပါ
ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့ ဝအောင်စား
ရတာလေးနဲ့ လှအောင်ဝတ်
ချမ်းသာလွန်းရင် ဒီတစ်သက်
ဆင်းရဲလွန်းရင်လည်း ဒီတစ်သက်ပါပဲ

မာန်တွေလဲ မတက်နဲ့
ရန်တွေလည်း မဖြစ်နဲ့
မာန်တွေတတ်ပါများတော့
အပေါင်းသင်းမဲ့လာတတ်တယ်
ရန်တွေဖြစ်များတော့ ဒေါသစိတ်ကြောင့်
အကုသိုလ်တွေ များလာတတ်ပါတယ်

တစ်ခါတစ်လေ
ကိုယ့်ကို မုန်းတဲ့သူက ပြန်ချစ်လာတတ်သလို
ကိုယ်သိပ်ချစ်တဲ့သူကလည်း
အမုန်းတွေ ပေးသွားပြန်တတ်တာမို့
ကိုယ်သိပ်ချစ်တဲ့သူက
နောက်ဆုံးမှာတော့ စိတ်ညစ်ခြင်းတွေပဲ
ကိုယ့်ထံယူဆောင်လာကြပြီး
လမ်းခွဲသွားကြတာပါပဲ

ဘယ်သူမှ ကိုယ့်အနားမှာ မရှိတဲ့အခါ
တစ်ယောက်တည်းလည်း
နေတတ်အောင် နေပါ
ကိုယ်သံယောဇဉ်ရှိတဲ့သူအားလုံးက
ကိုယ်သေသွားရင်
ကိုယ့်နောက်လိုက်သေပေးမယ့်သူ
တစ်ယောက်မှ မရှိဘူး
လောကကြီးက နေတတ်ရင်ကျေနပ်စရာမို့
ကိုယ့်ကိုယ်ကို နေတတ်ဖို့ပဲလိုပါတယ်…?

သာယာချမ်းမြေ့ကြပါစေ
Aung Myat Zaw
ကျောက်ဆည်

ဘဝမှာ နေတတ်ဖို့. | Ecency