Gems (Part-10)

Words
73
Reading
1 min
Listen
Play
8y

Gems (ကျောက်မျက်ရတနာတို့အကြောင်း)

သုံးပန်လှကျောက် (Alexandrite)

Hello ,

သုံးပန်လှကျောက်သည် နဝရတ်(၉)ပါး
ဝင် ကျောက် မဟုတ်သော်လည်း တန်ဖိုး အသင့်အတင့် ရှိပြီး လူအများ ဝတ်ဆင် လေ့ ရှိကြပါသည်။

IMG_20180707_104028.png

မြန်မာအခေါ် သုံးပန်လှကျောက်သည်
ဘယ်ရယ်အုပ်စုဝင် မျိုးကွဲတစ်ခု ဖြစ်သော်လည်း အလွန်မှ ရှားပါးပြီး ထူးခြားကျော်ကြားသည့် လက္ခဏာရှိပါသည်။

သုံးပန်လှကျောက်၏ မာခြင်းဆင့်မှာ ၈ အထိရှိပါသည်။

သုံးပန်လှကျောက်သည် ဘယ်ရယ်အုပ်စုဝင်ဖြစ်သည့်အတွက် ဓာတုဖွဲ့စည်းပုံအရ လည်း ဘယ်ရယ်လီယံ အလူမီနီယံအောက်ဆိုက်များပါဝင်ပါသည်

နာမည်ကဲ့သို့ပင် အရောင်မှာ တစ်ရောင်တည်းအဖြစ် မမြင်တွေ့ရဘဲ အရောင် အမျိုးမျိုး ပြောင်းလဲတွေ့မြင်ရလေ့
ရှိပါသည်
သာမန် အချိန်တွင် လိမ္မော်ရောင်ရှိတတ်ကာ ဖယောင်းတိုင်မီးရောင် အောက်တွင် အနီရင့်ရင့် နှင့် နေ့လည်ခင်း နေရောင်အောက်တွင် မြစိမ်းရောင်များအဖြစ်ပြောင်းလဲသွားလေ့ရှိပါသည်။

သုံးပန်လှကျောက် ထွက်ရှိရာဒေသများမှာ ရုရှား၏ ဘရာဇီး သီရိလကာင်္ ဇင်ဘာဘွေ ဇမ်ဘီးယား စသည့် နေရာများတို့တွင် ထွက်ရှိပါသည်။

သုံးပန်လှကျောက်ကို ရုရှားဇာဘုရင်တစ်ပါးဖြစ်သော အလက်ဇန္ဒား-၂ ၏မွေးနေ့တွင် ထူးခြားစွာဆက်သလာသည့အတွက်အလက်ဇန်းဒရိုက်ဟုအမည်ပေးခဲ့ကြောင်း သိရှိရပါသည်။

tintinnyo@tintinnyo