Gems (Part-8)

Words
94
Reading
1 min
Listen
Play
8y

Gems (ကျောက်မျက်ရတနာအကြောင်း )

မဟူရာ (Tourmaline)

Hello,

မဟူရာကျောက်သည် နဝရတ်(၉)ပါး
ဝင် ကျောက် မဟုတ်သော်လည်း တန်ဖိုး အသင့်အတင့် ရှိပြီး လူအများ ဝတ်ဆင် လေ့ ရှိကြပါသည်။

IMG_20180702_101504.png

မဟူရာကျောက်၏ မာခြင်းအဆင့်မှာ ၇ မှ ၇.၅ ထိရှိပါသည်။

မဟူရာကျောက်သည် အရောင်ပေါ်မူတည်၍ နာမည်အခေါ်အဝေါ်များ ကွဲပြားလေ့ ရှိပါသည်။

အများအားဖြင့် မဟူရာကျောက်ကိုသာလူသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူသည် ဟုအသိနည်းပါသည်။

မဟူရာကျောက်၏ ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံအလူမီနီယံ သံဓါတ်တို့ ရောနှောပါဝင်သည်
ဟု သိရှိရပါသည်။

ပါဝင်သော အချိုးပေါ်မူတည်ကာ
အရောင်များကွဲပြားရခြင်းဖြစ်ပါသည်။

မဟူရာ ကို အရောင်ပေါ် လိုက်ပြီး
အရောင်မဲ့ ပန်းရောင် ညိုဝါရောင်
အပြာရောင် အနီရောင်(ဖရဲအူ)
အစိမ်းရောင်(မှတ်မီး မဟူရာစိမ်း) အနက်ရောင်(မဟူရာ) အရောင်များစပ်ပြီးတွဲနေလျှင် ပါတီ ဟုခေါ်လေ့ ရှိကြပါသည်။

မဟူရာကျောက် သည် ၈ -ရက် ၁၇- ရက် ၂၆ -ရက် နေ့များတွင် မွေးဖွားသူများ အတွက် အဆောင်ကျောက် အဖြစ် ဆောင်ထားသင့်သော အဆောင်ကျောက်မျက် ဖြစ်ပါသည်။

မဟူရာကျောက် ကိုဆောင်ထားပါက
သူများ မပြုစားနိုင်ခြင်း အတွေးအခေါ် ကောင်းစေခြင်း ရန်များကို အောင်စေခြင်း စသည်တို့ကို ပေးစွမ်း နိုင်ပါသည်။

tintinnyo@tintinnyo

Gems (Part-8) | Ecency