ရဟန်းသံဃာအား ဖူးမြင်ရခြင်းအကျိုး
(၁)။ ဘဝတစ်ထောင် မျက်စိရောဂါ ကင်းခြင်း။
(၂)။ပူပန်မှု ငြိမ်းအေးခြင်း။
(၃)။မျက်စိကြည်လင်၍ ရတနာဗိမာန်၌ဖွင့်ထား
သော ပတ္တမြား ပြူတင်းပေါက်နှင့်တူခြင်း။
(၄)။ကမ္ဘာတစ်သိန်းကာလပတ်လုံး နတ်စည်းစိမ်
ချမ်းသာကို ရရှိခြင်း။
(သုတ္တနိပါတ်၊ဋ္ဌ၊၂၊၃၂။)။
ဘုရားရှင်၏ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း @@@@@@@@@@@@@@@@
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာစ ဒါယကာ။
ဣမေ တောစ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။
ဘုရားတပည့်တော်သည်သံသရာဘဝအဆက်
ဆက်မှစ၍ ယနေ့ထက်တိုင်အောင်
၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး
တို့၏ အပေါ်၌။
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီး
တို့၏အပေါ်၌။
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး
တို့၏အပေါ်၌။
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌။
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌။
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌။
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌။
၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော
သီလဂုဏ်၊သမာဓိဂုဏ၊်ပညာဂုဏ်တို့ကို
ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော
လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊
အရိယာပုဂ္ဂိုလ်တို့၏ အပေါ်၌။
၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကိုဟောကြားပြသ
ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌။
၁ဝ။ထမင်းတစ်လုတ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံ၊ဝစီကံ၊
မနောကံ သုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါ
သော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုးပါ၏ ဘုရား။ ။
ဆုတောင်း
°°°°°°°°°°
ခင်ပွန်းကြီး(၁၀)ပါးတို့၏ မေတ္တာဓာတ်ကို
ခံယူပါ၏။
ခင်ပွန်းကြီး(၁၀)ပါးတို့သည် ကျွန်ုပ်၏ဦးခေါင်း
ထိပ်၌ အမြဲကိန်းစက် တည်နေပါစေသတည်း။
ခင်ပွန်းကြီး(၁၀)ပါးတို့၏ မေတ္တာတန်ခိုးကြောင့်
(၉၆)ပါးသော ဘေးရောဂါများမှ ကင်းငြိမ်းရပါလို၏
ဘေးအမျိုးမျိုးတို့မှ ကင်းလွတ်ရပါလို၏။
(၁၆)ပါးသော ဥပါဒ်ဘေးတို့မှ ကင်းဝေး
ရပါလို၏ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည် တောင့်တတိုင်း
ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါလို၏ဘုရား။
မြတ်စွာဘုရားဟောကြားတော်မူသော
သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍
နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား
အရှင်ဘုရား.....။
မြတ်စွာဘုရားအားရှစ်ခိုးပူဇော်ခြင်း
©©©©©©©©©©©©©©
ငါးမာန်အောင်မြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ဘုရား။
ကိလေသာကင်းစင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။
သစ္စာသိမြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။
အနန္တဂုဏ်အင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။
ငြိမ်းအေးသခင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။
သံသရာကယ်တင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ဘုရား။
နိဗ္ဗာန်စံဝင်ဘုရားရှင်ကို ကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ဘုရား။
ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး
ရှိခိုးပါ၏ဘုရား။
တရားစာအုပ်မှရေးသားပူဇော်၏။
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ