သီလရှိတဲ့ ပုဂ္ဂိုလ်

Words
279
Reading
2 min
Listen
Play
8y

. သီလရှိတဲ့ပုဂ္ဂိုလ်

သီလ ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နဲ့
သီလ မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် .. ဘယ်လိုကွာခြားလဲဆိုရင်.. လူတစ်ယောက်ဟာ သီလ မရှိတော့ဘူးဆို
ဘယ်အခါ စဉ်းစာစဉ်းစား ဆင်ခြင်သုံးသပ်လိုက်တိုင်း စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်။

သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့် အတွက်ကြောင့် ဘယ်ဘက်က လှည့် စဉ်းစား စဉ်းစာ
စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်။

သီလမရှိဘူး ဆိုလို့ရှိရင်
ကုသိုလ်မှန်သမျှဟာ ပြိုကျ ပျက်စီးသွားမယ်။

ဒါကြောင့်မို့ ... သီလဟာ ကုသိုလ်တရားတွေရဲ့
အဓိကတည်ရှိနေမှု အတွက် အထောက်အကူ ဖြစ်တယ်။
ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ
အင်မတန် တန်ဖိုးရှိတယ် ၊
အသက်ရှည်လေ ပိုကောင်းလေပဲ။

ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်ဟာ ...
အသက်ရှည်လေ - ဒုက္ခတွေ များလေလေ၊
အသက်ရှည်လေလေ - အပြစ်တွေ များလေလေ၊
စိတ်ဆင်းရဲမှုတွေ များလာလေလေ၊
ဒုက္ခ သုက္ခတွေ နဲ့ ကြုံတွေ့မှု ဖြစ်လာလေလေ ဖြစ်တယ်။

ဒါကြောင့်မို့ •••
လူတိုင်းဟာ အသက်ရှည်ဖို့ ကောင်းသလား လို့ ဆို ..

ကိုယ်ကျင့်သီလ ရှိတဲ့ပုဂ္ဂိုလ်မှ အသက်ရှည်လေ ပိုကောင်းလေ .. ကိုယ်ကျင့်သီလ မရှိဘဲနဲ့ အသက်ရှည်မယ်ဆိုရင်
အပြစ်တွေ ပိုလေး လာတယ် ...။

ဒါကြောင့်မို့ -
အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာ အတွက် ...
ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲဆိုရင်
ကိုယ်ကျင့်သီလ ရှိအောင် လုပ်ရမယ်။

အနည်းဆုံး - #ငါးပါးသီလ လုံရမယ်။
ကိုယ့်ကိုယ်ကို နေ့စဉ်နဲ့အမျှ
ငါးပါးသီလ ခံယူ ဆောက်တည်ထားပြီးတဲ့ နောက်
ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။

နေ့တိုင်း နေ့တိုင်း -
လူတွေ အရောင်းအ၀ယ် လုပ်ပြီးတဲ့အခါ
ဈေးတွက် တွက်ကြတယ်လေ။
ဒီနေ့ ဘယ်လောက်ရောင်းရတယ်။
အရင်းဘယ်လောက် , အမြတ်က ဘယ်လောက်
ဆိုတာကို တွက်ကြတယ်။

နေ့စဉ် နေ့စဉ်
နံနက်ခင်း အိပ်ရာထလို့ ဘုရားရှေ့မှာ ငါးပါးသီလခံ၊
ခံပြီးတော့ ညအိပ်ရာဝင်တဲ့အခါကျတော့ ပြန်စစ်၊

💢 ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

 ငါတည်ဆောက်မယ်။ 
 မိမိစိတ်လိုက်မာန်ပါ သေစေလိုတဲ့  စိတ်နဲ့ 
 မည်သည့်   သတ္တ၀ါများ   ငါသတ်မိလဲ ❓

. ပါဏာတိပါတ သိက္ခာပုဒ် ငါလုံရဲ့လား ❓
လုံတယ်ဆိုရင် စိတ်ထဲမှာ ကြည်နူး ၀မ်းသာတယ်။

💢 အဒိန္နာဒါနာရော လုံရဲ့လား ❓ လို့ ဆို
အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ၊

💢 ကာမေသု မိစ္ဆာစာရ လုံရဲ့လား ❓
ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်၊

💢 မုသာဝါဒ လုံရဲ့လား ❓

💢 သုရာမေရာယရော ကင်းရဲ့လား ❓

  ဆိုတာတွေကို   စစ်ဆေးကြည့်လိုက်တဲ့အခါ  ...

ငါ့မှာ -

  • ပါဏာတိပါတာ ကျူးလွန်တာလည်း မရှိဘူး၊

  • အဒိန္နာဒါန

  • ကာမေသုမိစ္ဆာစာရ

  • မုသာဝါဒ၊

  • သူရာမေရယ ... ကျူးလွန်တာလည်း ငါ့မှာမရှိဘူး။

    ငါရဲ့ဘ၀ဟာ တန်ဖိုးရှိလိုက်တာ။

ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလိုတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ၊
ငါဟာ ဒီနေ့ ရဟန္တာတွေ ကျင့်တဲ့ အကျင့်မျိုး၊
သောတာပန်တွေ ကျင့်တဲ့ အကျင့်မျိုး၊
ငါကျင့်လို့ ရသွားပြီလို့
စိတ်ထဲမှာ ကြည်နူးဝမ်းသာဖြစ်ရတယ်၊။
ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။

ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်။
စိတ်ထဲကနေ ဆင်ခြင်သုံးသပ်ပြီး ကြည်နူးဝမ်းသာတယ်။
သီလပေး ဆောက်တည်ပြီးတော့ အမှတ်တမဲ့ မနေရဘူး။ ပြန်လည်ဆင်ခြင် သုံးးသပ်ခြင်းအားဖြင့်
ကိုယ့်မှာ ကြည်နူးဝမ်းသာမှုတွေက ကုသိုလ်တရားတွေ တိုးတယ်။

ဒါကြောင့်မို့ သီလဆောက်တည်ထားပြီးတော့
ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင်သုံးသပ်မှုတွေ လုပ်ရတယ်။ လုပ်တဲ့အခါမှာ အဖြေထွက်လာတယ်။
အကယ်၍ ငါ သီလတွေ ပျက်တယ်ဆိုရင်
မပျက်အောင် ဂရုစိုက်၊
နောက်တစ်ခါ မဖြစ်အောင် ကြိုးစား။

ကျေနပ်စရာ ကောင်းအောင် သီလပြည့်စုံတယ် ဆိုရင်လည်းပဲ ၀မ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့ ကုသိုလ်တရားတွေကို တိုးတက်လာတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဟောတာ ..

သီလမရှိတဲ့ ပုဂ္ဂိုလ်
အသက်တစ်ရာ နေရပေမဲ့ တန်ဖိုးမရှိဘူးတဲ့ ...။

သီလရှိတဲ့ ပုဂ္ဂိုလ်က ..
တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ် ...။

သီလရှိတဲ့ ပုဂ္ဂိုလ် | Ecency