လိုနေတာ. နေတတ်ဖို့

Words
50
Reading
1 min
Listen
Play
8y

ရယူပြီးမှ တစ်ဘဝလုံး မပျော်ရွှင်ရတာထက်စာရင်
စွန့်ပစ်ရင်းနဲ့ တစ်ခဏသာ နာကျင်မှုတွေကို ခံနိုင်အောင်
ကြိုးစားနေကြည့်လိုက်မယ်။

မျှော်လင့်ချက်တွေမရှိမှတော့ အိပ်မက်အချို့လည်း
ဆက်မက်နေတာထက်စာရင် တစ်ကိုယ်တည်းကြေကွဲ
ပြလိုက်တာက ဒဏ်ရာတွေပိုသက်သာလိုက်မယ်။

အပင်ပန်းခံကြိုးစားနေလို့ ဖြစ်မလာတဲ့ ဘဝအတွက်
စိတ်ညစ်နေတာထက်စာရင် ပေးလာတဲ့ကံတရားကို
လက်ခံနိုင်ဖို့ တွေးတတ်တာက ပိုပြီးနေပျော်လိုက်မယ်။

ရယူပိုင်ဆိုင်ရတဲ့ ခံစားမှုထက်စာရင် ပေးဆပ်ရဲတဲ့သတ္တိ
ရှိလာတဲ့အခါ ဘဝဟာ ထင်သလောက်မကြီးကျယ်
မခမ်းနားတော့ဘူး ရယူဖို့ကြိုးစားနေတာထက် ပေးဆပ်နိုင်သူ ဖြစ်အောင်ရပ်တည်ရတာက အခွင့်အရေးနည်းပေမဲ့ ဘဝမှာပိုပြီး
နောင်တကင်းကင်းနေနိုင်တယ်။

လိုအပ်တာထက် ပိုလိုလာရင်လောဘဆိုတာ
အတောမသတ်နိုင်တော့ဘူး ရှိတာနဲ့ မရောင်ရဲရင်
မရှိတာကို မျှော်လင့်ရတဲ့ ဒုက္ခတွေကြုံလာတတ်တာမို့
လိုတာထက် ပိုလာတဲ့ဆန္ဒတွေကို မေ့ပစ်နိုင်ရင် ဘဝက
ပိုပြီး မွန်မြတ်တန်ဖိုးရှိလာလိုက်မယ်။

image

tintinhtay@tintinhtay

လိုနေတာ. နေတတ်ဖို့ | Ecency