Three Parties Fasilatating

Words
352
Reading
2 min
Listen
Play
5y

Win Win Win
It rained last night.
When it rains, the weather is cool and I'm good to sleep alone.
But, I do not enjoy sleeping peacefully.
Because there are many people in Myanmar who do not live in shelters like me.
More than 120,000 people have been displaced since the military coup in Burma.
If it rained at night, what would they do?
These thoughts do not keep me awake.

Yesterday, I had a conversation with an HIVE Blockchain Myanmar user on Messenger.
He said he needed HIVE Power to post, comment and vote on the HIVE Blockchain.
So, I sold HIVE Power 35 to thannaingsoe@thannaingsoe .
The HIVE Power 35 was sold for 25,000 MMK.

img_0.10496169002753991.jpg

So thannaingsoe@thannaingsoe got HIVE Power to Post, Comment and Vote on HIVE Blockchain.

img_0.08318974774173832.jpg

I also get 25,000 kyats to use where needed.
I will be able to donate this 25,000 kyats to the refugees.

25,000 kyats is enough for a normal meal for 10 days.
Thus, this 25,000 kyats I deducted from my HIVE income is of little help to some IDPs.
This, in turn, will help ease the way.

That's why I named this post Three-Party Fasilatating.

Thank for everything!

Tin Aung Soe

[Burmese]
မနေ့ညက မိုးတွေ ရွာနေခဲ့သည်။
မိုးရွာတော့ ရာသီဥတုအေးချမ်းပြီး ကျွန်တော်တစ်ယောက် အိပ်လို့ကောင်းမည်။
သို့သော် ကျွန်တော် အေးချမ်းစွာ အိပ်ရမည်ကို စိတ်မချမ်းမြေ့ပါ။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်ကဲ့သို့ အမိုးအကာလုံခြုံသောနေရာ၌ မနေထိုင်ရသော လူများစွာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေသည်။
မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွါကာ စစ်ဘေးရှောင်နေရသူများ ၁၂၀၀၀၀ ကျော် ရှိခဲ့ပါပြီ။
ညမှာ မိုးရွာလျှင် ထိုသူတွေ ဘယ်လို နေကြရလိမ့်မည်နည်း။
ထိုအတွေးများက ကျွန်တော့်ကို အိပ်ရေးမဝစေပါ။

မနေ့က HIVE Blockchain Myanmar User တစ်ယောက်နှင့် Messenger မှာ စကားပြောဖြစ်ခဲ့သည်။
ထိုသူမှ HIVE Blockchain ပေါ်မှာ Post, Comment and Vote များ လုပ်ဆောင်နိုင်ရန် HIVE Power လိုအပ်လျက် ရှိကြောင်း ပြောလာသည်။
သို့ဖြစ်၍ ကျွန်တော်သည် ထိုသူ thannaingsoe@thannaingsoe အား HIVE Power 35 ကို ရောင်းပေးခဲ့သည်။
HIVE Power 35 ကို မြန်မာငွေ MMK 25000 ကျပ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ထိုသူ thannaingsoe@thannaingsoe လည်း HIVE Blockchain ပေါ်မှာ Post, Comment and Vote လုပ်‌ဆောင်ရန် HIVE Power ရရှိသွား၍ အဆင်ပြေသွားပြီ။

ကျွန်တော်သည်လည်း လိုအပ်သောနေရာ၌ အသုံးပြုနိုင်ရန် ငွေ ၂၅၀၀၀ ကျပ် ရရှိ၍ အဆင်ပြေသည်။
ဤငွေ ၂၅၀၀၀ ကျပ်ကို စစ်ဘေးရှောင်ပြည်သူများထံ ကျွန်တော် လှူနိုင်လိမ့်မည်။

မြန်မာငွေ ၂၅၀၀၀ ကျပ်သည် လူတစ်ဦး၏ သာမန် စားသောက်စရိတ်အတွက် ၁၀ ရက်စာ လုံလောက်ပါသည်။
သို့ဖြစ်၍ ကျွန်တော်၏ HIVE ဝင်ငွေများထဲမှ ထုတ်ယူရသော မြန်မာငွေ ၂၅၀၀၀ ကျပ်သည် စစ်ဘေးရှောင်ပြည်သူအချို့ အတွက် အနည်းငယ်သော အကူအညီကို ဖြစ်စေပါသည်။
ဤသည်မှာလည်း ထိုသူများအတွက် ဒုက္ခများစွာထဲမှ အနည်းငယ် အဆင်ပြေခြင်း ဖြစ်ပါမည်။

ထို့ကြောင့် ကျွန်တော်သည် ဤpost အား သုံးဦးသုံးဖက် အဆင်ပြေပါသည် ဟု အမည်ပေးလိုက်ရပါတော့သည်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး

Three Parties Fasilatating | Ecency