May you be filled with all blessings.
One day, I went to Mandalay to buy some things. I had time to make a pilgrimage to Kuthodaw Pagoda at the foot of Mandalay Hill, which I hadn't been to for a long time.
Within the precincts of Kuthodaw Pagoda are many small pagodas, and the teachings of the Pitaka are inscribed in stone.
The Kuthodaw Pagoda Stone Library is considered the largest book in the world, making it a prominent ancient heritage site in Myanmar.
I also visited the small pagodas with stone inscriptions.
I took memorable photos of the small pagodas with stone inscriptions and enjoyed the natural beauty of the clouds in the sky.
So, here I share the natural beauty of Myanmar's iconic stone inscription pagodas and the rainy season clouds.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
တနေ့က မန္တလေးမြို့ သို့ ပစ္စည်း ဝယ်ယူရန် သွားရောက်ဖြစ်ခဲ့သည်။
အချိန်ရသည်နှင့် မရောက်တာ ကြာပြီဖြစ်သော မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား သို့ ဘုရားဖူးဝင်ရောက်ဖြစ်ခဲ့သည်။
ကုသိုလ်တော်ဘုရား ပရဝုဏ်အတွင်း၌ စေတီငယ်များစွာ တည်ရှိပြီး ပိဋကတ်တရားတော်များကို ကျောက်စာ ရေးထိုးကာ ထားရှိပါသည်။
ကုသိုလ်တော်ဘုရား ကျောက်စာတိုက်သည် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု စံချိန်တင်ထားရသောကြောင့် မြန်မာနိုင်ငံ၏ အထင်ကရ ရှေးဟောင်းအမွေအနှစ် ဖြစ်ပါသည်။
ကျွန်တော်လည်း ဘုရားဖူးပြီး ကျောက်စာများ ရှိသော စေတီငယ်များကို လည်ပတ် ကြည့်ရှုခဲ့ပါသည်။
ပိဋကတ်ကျောက်စာတိုက် စေတီငယ်များကို အမှတ်တရဓာတ်ပုံရိုက်ယူရင်း ကောင်းကင်က တိမ်တွေ၏ သဘာဝအလှကိုလည်း ခံစားဖြစ်ခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အထင်ကရ ကျောက်စာတိုက်စေတီများ နှင့် မိုးရာသီ တိမ်များ၏ သဘာဝအလှရှုခင်းတွေကို ဒီမှာ မျှဝေပေးလိုက်ပါတယ်။