Hello friends.
Last night my wife went to the back of the house to put some clothes in the bucket by the concrete pool to wash. She saw a snake and called me.
When I went to her, I saw a green snake by the pool.
So I used a bamboo stick to tell the green snake to go outside the yard.
When I went to the back of the house in the morning, I didn't see the green snake.
However, when my wife was watering the orchids, she saw the green snake again.
The green snake was curled up around the orchid and was still.
So I took a picture of the strange green snake.
As of this writing, the green snake has not left the orchid plant until late afternoon.
We have also told the green snake not to attack it, and we have told it not to attack us either.
What do you think about why the green snake has not left the orchid plant and is still there?
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
မနေ့ညက ကျွန်တော်၏ ဇနီးသည် အိမ်နောက်ဘက်သို့ သွားကာ လျှော်ဖွတ်ရန် အထည်အချို့ကို ရေကန် နဘေးက ပုံးထဲသို့ ထည့်ခဲ့သည်။
ထိုစဉ် မြွေတစ်ကောင်ကို မြင်ရသောကြောင့် ကျွန်တော့်အား ခေါ်ခဲ့သည်။
ကျွန်တော် သူမဆီသို့ သွားသောအခါ ရေကန် နဘေး၌ မြွေစိမ်းတစ်ကောင်ကို မြင်တွေ့ခဲ့ရသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဝါးခြမ်းကို အသုံးပြုကာ မြွေစိမ်း အား အိမ်ခြံဝင်းအပြင် သို့ သွားရန် ပြောခဲ့သည်။
မနက်ခင်း၌ ကျွန်တော် အိမ်နောက်ဘက်သို့ သွားသောအခါ ထိုမြွေစိမ်းကို မမြင်တွေ့ခဲ့ပါ။
သို့ပေမယ့် ကျွန်တော်၏ ဇနီး က သစ်ခွပင်များကို ရေဖျန်းသောအခါ ထိုမြွေစိမ်း ကို ပြန်လည် တွေ့မြင်ခဲ့ပါသည်။
မြွေစိမ်းသည် သစ်ခွပင်ကို ရစ်ခွေကာ ငြိမ်နေပါသည်။
ထို့ကြောင့် ကျွန်တော်သည် ထူးဆန်းသော ထိုမြွေစိမ်း ကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ယခု ဒီစာကို ရေးသားနေချိန် နေ့လည် ကျော်လာသည်အထိ မြွေစိမ်းသည် သစ်ခွပင် မှ မထွက်ခွါသေးပါ။
ကျွန်တော်တို့လည်း ထိုမြွေစိမ်းကို ရန်မပြုဘဲ နေသကဲ့သို့ ၎င်းမှလည်း ရန်မပြုရန် ပြောဆိုထားပါသည်။
အဘယ်ကြောင့် မြွေစိမ်းသည် အခြားအရပ်သို့ ထွက်ခွါမသွားသေးဘဲ သစ်ခွပင် ရစ်ခွေနေသလဲဆိုသည်ကို မိတ်ဆွေတို့၏ အယူအဆကို ပြောပြကြပါလား။