အာဇာနည်နေ့

Words
82
Reading
1 min
Listen
Play
9y

martyrs.jpgR4.png

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီးကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး
ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟုသတ်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရကာ အမှတ်တရ
ကျင်းပလျက်ရှိသည်။

ကိုယ်တိုင်ကိုယ်ကျပစ်ခတ်လုပ်ကြံခဲ့သူများ.........

  1. ရန်ကြီးအောင်
    (ရဲဘော် ကိုထွေးအား ကိုယ်တိုင်ကိုယ်ကျပစ်ခတ်သတ်ဖြတ်ခဲ့သလိုအစည်းအဝေးခန်းမအတွင်း ပစ်ခတ်မှုတွင်ပါဝင်သူ)
  2. သက်နှင်း (ဦးဆောင်ပစ်ခတ်သူ)၊
  3. မောင်စိုး (ဦးဆောင်ပစ်ခတ်သူ)၊
  4. စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
  5. သုခ (ကားမောင်းသူ)။

အပြစ်ပေးခံရသူများ(အင်းစိန်ထောင်ကြိုးတိုက်တွင်)

  1. ဂဠုန်ဦးစော
  2. မောင်စိုး
  3. သက်နှင်း
  4. မှုံ ကြီး ခေါ် မောင်မှုန်
    (လုပ်ကြံမှု အစီအစဉ်တွင် ပါဝင်ပြီး ဂဠုန်ဦးစောနေအိမ် အဝိုင်းခံရမှု တွင် လက်နက်ကိုင်ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊
    ယခင် ရန်ကုန်ထောင် ကြိုးတိုက်တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
  5. စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
  6. ရန်ကြီးအောင် ခေါ် လှထွန်း

သေဒဏ်မှထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းရွေ့ကျခံရသူများ....

  1. သုခ
  2. ခင်မောင်ရင်
  3. မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ

လူမိုက်တို့သွားရာလမ်းကားသေဒဏ်၊ ကြိုးဒဏ်တို့အပြင် မြန်မာပြည်သူပြည်သား
အားလုံးတို့၏တစ်သက်တာအမုန်းများကိုရရှိသွားကြခြင်းပင်ဖြစ်ပါတော့သည်။

အာဇာနည်နေ့ | Ecency