ဗုဒ္ဓမြတ်စွာ
သာသနာဝယ်
ရင်မှာသိုက်မြိုက်
သပိတ်ပိုက်လျှက်
ကိုယ်၌ဆင်မြန်း
ဝတ်သင်္ကန်းဖြင့်
ရဟန်းပုတ္တ
ရှင်ဘဝသို့
အဌပရိက္ခရာ
စုံလင်စွာဖြင့်
ညာတကာမိတ်
ကောင်းစွာဖိတ်၍
ဘိသိက်မင်္ဂလာ
ပဗ္ဗဇ္ဇာဟု
ဓမ္မာနုဂ္ဂဟ
မြတ်ဒါနကို
ကာလဘယ်ခါ
လှူနိုင်ပါအံ့
မာတာပီတ
မိ နှင့် ဖ တို့
ဘယ်ခါမမေ့
ကြံသ၍သည်
ယနေ့ အောင်မြင်ပါပေသတည်း ။