မနေ့ကညက မီးပျက်တဲ့အကြောင်းကို စာရေးပြီးတင်ပြခဲ့ပါတယ်။
နောက်ထက်တစ်ပုဒ်ကို ရေးပြတက်ပြချင်သောစိတ်များ ဒီရင်တွင်း၌ ရှိနေပါသော်လည်း တစ်ပုဒ်ပြီးလို့ နောက်ထက်တစ်ပုဒ်ကို ချက်ခြင်းရေးချနိုင်ဖို့ဆိုတာ ကျွန်နော်အတွက် အလွန်ပဲခက်ခဲလွန်းလှပါတယ်လေ။
ဒီလိုနဲ့ ကျွန်နော်ဟာ ခေတ္တခဏ အိပ်စက်အနားယူလိုက်မိပါတော့တယ်။ခေတ္တခဏ အိပ်စက်အနားယူလိုက်ပါသော်လည်း မီးပျက်ခြင်းကြောင့် မိမိနေထိုင်သော ပတ်ဝန်းကျင်ရှိ အငှားအိမ်ခန်းများ ဆူညံခြင်းမရှိ ခက်စောစော အိပ်ရာဝင်ကြလို့ ထင်မိပါရဲ့ ကျွန်နော်မှာလည်း အနားယူခြင်းမှတဆင့် ဘယ်အချိန်အိပ်မောကျသွားမှန်းမသိ မိုးလင်းမှ သတိဝင်လာပြီး အိပ်ရာမှနိုးထလာခဲ့ပါတော့တယ်ဗျာ။
လောဘစိတ်ကတစ်ဝက် တာဝန်ကတစ်ဝက်ဆိုတော့လည်း ဆက်နိုင်သမျှ ဆက်မည်ဟု ရေးသားခဲ့သော ဝန်းလူမိုက်၏ အပိုင်းဆက်ကိုတော့ မဖြစ်မနေ ရေးချရပေဦးမည်။
ပြီးခဲ့သော အပိုင်း ၄ ၌ ကျွန်နော် ဒီဝန်းလေးထဲသို့ စတင်ဝင်ရောက် ငှားရမ်းနေထိုင်ခြင်း၏အစပိုင်း ငါးလကျော် ခြောက်လအတွင်း ကျွန်တော်နှင့် ဝန်းထဲမှ အိမ်ငှားအချင်းချင်းနှင့်သောလည်ကောင်း အိမ်ခန်းငှားအားလုံးနှင့် အိမ်ရှင်မိသားစုဝင်များ မည်သို့နေထိုင်ပြီး ဆက်ဆံလာခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြမည်ဟု ပြောဆိုရင်ဖွင့်ခဲ့ပါတယ်။
ထိုအနေအထားကို ရေးချလျှင်တော့ ကျွန်နော်၏စိတ်မည်သို့ရှိနေမည်ကိုတော့ မပြောပြသော်လည်း အကြောင်းအရာကိုဖတ်လိုက်သည်နှင့် သိနိုင်ပါတယ်ဗျာ။
ဒါပေမယ့်လည်း မမေးသော်လည်း ဖြေကြားချင်နေသောစိတ်က ဒီရင်မှာ တဖွာဖွားဖြစ်ပေါ်နေမိတော့ ရင်ဖွင့်ရပေဦးမည်။
ကျွန်နော်ဟာ ရိုးသားသောလူတစ်ယောက်ပါဟု စာဖတ်သောသူတွေကို ရင်ဖွင့်လိုက်သော် စာဖတ်သောသူတွေအနေဖြင့် ပြုံးလိုက်သောအပြုံးတစ်ချက်သည် နှုတ်ခမ်းဒေါင့်တစ်ဖက်သို့ ကပ်လို့သွာကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်ကာလကြီး၌ ရိုးသားသောလူသည် မရှိသလောက် ရှားပါနေခြင်းကြောင့်ဖြစ်ပါသည်။
မည်မျှပင် ယဉ်ကျေးလိမ်မာသောသူဖြစ်နေပါစေ နယ်စပ်တစ်နေရာရာ ဒေသတစ်ခုကိုရောက်လာခဲ့ကြပြီဆိုရင်တော့ ရိုးသားသောစိတ်၏ အစစ်အမှန်များသည် ပေးကမ်းသောလက်တစ်စုံသာရှိနေပြီး ပြန်လည်ရယူလို့ခြင်းဆိုသည့် လောဘစိတ်များမရှိကြသော မိမိတို့၏ မိဘနှစ်ပါး၏ အိမ်အတွင်း၌သာ ထားရှိခဲ့ကြရသည်။
ထု့ကြောင့် ကျွန်နော်ဟာ ရိုးသားသောလူတစ်ယောက်မဟုတ်ခဲ့လျှင်တောင်မှ ရိုးအ နုံချာသောလူတစ်ယောက်ပါဟု ဝန်ခံလိုက်ရပါလိမ့်မည်။
ဘဝ၏ အချိုးအကွေ့များ၏ နေရာတစ်ခုခု၌ စစ်မှန်သောစိတ်ဓါတ်တို့သည် လူအမျိုးမျိုး စိတ်အဖုံဖုံနှင့် လူအများကြား တန်ဖိုးမရှိ ပျောက်ရှ ပျက်ဆီး ဖျက်ဆီးခြင်း ခံလိုက်ရတက်ပါသည်။
စာဖတ်သောသူများခင်ဗျာ ကျွန်နော်ရေးချတင်ပြမည့် အကြောင်းအရာနှင့် ရေးချလိုက်သောစကားလုံးတို့သည် အကြောင်းအရာများဆက်နွယ်ပတ်သက်နေပါတယ်။
အပြင်အလုပ်မအားလပ်သည့်ကြားက အချိန်မှီအောင် ရေးသားတင်ပြလိုက်ရခြင်းကြောင့် ခြောက်လခန့်မတွင်း နေထိုင်မှုလေးတွေကို နောက်အပိုင်းခြောက်၌ ပြည့်စုံအောင် လိုရင်းတိုရှင်း ရေးချတင်ပြမည်ဖြစ်ကြောင်း ရင်ဖွင့်ရင်း ရေးချရိုက်နှိပ်နေသောလက်ညိုးလေးကို အနားယူခွင့်ပြုပါဦးခင်ဗျာ။
@thura