တစ်နေ့နေ့တွင်

thura(61)
Published in
#busy
Words
60
Reading
1 min
Listen
Play
8y

IMG_20180525_005652.jpg
ဟိုတစ်ချိန်တုန်းကတော့ ပြုံးပြုံးနဲ့ ငါ့မျက်နှာ ခုန်ဆွခုန်ဆွဖြစ်နေတဲ့ငါ့ရဲ့စိတ်
တစ်ရက်တစ်ပုဒ် စိတ်ထဲပေါ်လာသမျှ ရှည်လျားစွာနဲ့ ရင်ဖွင့်ချပြလို့နေ
ယခုချိန်အခိုက်အတန့်လေးမှာတော့ ရှည်လျားတဲ့ ရင်ဖွင့်စာလွှာမပြောပါနဲ့
တိုတိုတုတ်တုတ် ရင်တွင်းဖြစ်တွေကိုတောင် မတရားဖီညစ်ပြီး ရေးချတင်ပြနေရ
မနက်ဖန်ဆိုတဲ့မျှော်လင့်ခြင်းရောင်နီက ဘယ်သောအခါများလဲ?
အတိတ်တစ်ခုကိုပြန်လွမ်းဆွတ်ရင်း အနာဂတ်ဆိုတာ ငါ့အတွက်တော့မှုန်ရီဝေဝါးလို့နေ
ဖမ်းဆုပ်ထားတဲ့ ရှိတာလေးလည်း ပြောင်သလင်းခါလို့နေပြီ
အပေါ်ကို ခေါင်းမော့ရင်ကော့ပြီး မော်မကြည့်ရဲ့ပေမယ့်
တင်းထားတဲ့ငါ့စိတ်တွေက ကျတာထက် ကျဆင်းလို့နေ
ကျနေတဲ့စိတ်အစဉ်ကို ခေါင်းငုံ့ လို့ ရင်ဖွက်ကာ ပြန်လည်ကောက်တင်နေရ
မကြာခဏဖြစ်တည်နေတဲ့ ဒီစိတ် ဖြေသိမ့်နိုင်ခြင်းမရှိ
ဘယ်သူ့ကိုမှ တွင်းအားမပေးနိုင်သေး ဒီလိုတော့မဆုံးဖြတ်လိုက်ပါနဲ့
ငါကိုယ်တိုင်ရှာဖွေနေဆဲ ဒီနွံထဲက ရုန်းထွက်နိုင်ရေး
တခါတရံ စိတ်ရူးမိတာက ဦးကျော်ဟိန်းကြီးလို နိုင်ငံကျော်ကြီးဖြစ်ချင်မိတဲ့စိတ်
ယခုချိန်မှာတော့ ခေါင်းလေးငုံ့ရင်း တောင်းခံမှုပြုနေလျက်
တစ်နေ့ တစ်ချိန် အခါသင့်လျှင်တော့ ဖြစ်လို့လာမှာပါဆိုတဲ့ မျှော်လင့်ချက်တစ်ခုကို
လက်ကိုင်ပြုရင်း ကြိုးစားလို့သာ အရှေ့သို့ လျှောက်လှမ်းနေဆဲပါလေ။
thura@thura

တစ်နေ့နေ့တွင် | Ecency