လိပ်ထက်နှေးသော ခြေလှမ်းများနဲ့

thura(61)
Published in
#busy
Words
73
Reading
1 min
Listen
Play
8y

walking-fingers.jpg
ဒီတစ်နေ့အလုပ်သွားတော့ လမ်းတွေကပိတ် ကားတွေကကြပ်နဲ့ အိမ်ကစထွက် လမ်းမပေါ်ရောက် ပိတ်လိုက်တဲ့လမ်း ဘယအထိပိတ်သလဲဆိုတော့ နယ်စပ်ဖြတ်သန်းတွှဲဂိတ်အဝင်ဝထိကို ပိတ်တော့တာပါပဲဗျာ……………
သုံးဘီးစီးလည်းအဆင်မပြေ ရပ်စောင့်နေရတာပဲ………
ဆိုင်ကယ်စီးလည်းထိုနည်းလည်ကောင်းပေါ့ဗျာ………
ခြေကျင်လျှောက်သွားတာမှမြန်လိမ့်မယ်ဗျို့………………
ဒါပေမယ့် ဘယ်လိုသွားသွားပါ နယ်စပ်ဖြတ်သန်းတဲ့ဂိတ်ရောက်ရင်တော့ ကျွန်နော်တို့ ကျောင်နေစဉ်အရွယ်က ကိုးနာရီထိုးရင် တန်းစီရသလိုမျိုး အခုလည်း ဂိတ်ပေါက်အရောက် တန်းစီနေရလေပြီ……………
မြန်မာဂိတ်ဘက်ကတော့ သိပ်မစောင့်လိုက်ရပါဘူး………
ဒါပေမယ့် အဆင်ပြေပါသော်လည်း တရုတ်ဘက်ဂိတ် ဖြတ်သန်းစာအုပ်ရိုက်နှိပ်စစ်ဆေးရန် စောင့်လိုက်ရတဲ့အချိန်က နှစ်နာရီလောက်ကြာသွားခဲ့တယ်ဗျာ……………
ခြေထောင့်တွေလည်း ညောင်းလှပါ၏ မက်တက်ရပ်ပြီး ဖြေးဖြေးခြင်း လိပ်သွားနည်းသွားနေရတာကိုးဗျ……
လိပ်ဖြေးတယ်ဆိုတာက မြန်တယ်ပြောရပါလိမ့်မယ်ဗျာ…
အခုသွားနေရတဲ့ပုံစံက လိပ်ထက်ဆိုးနေလို့ပါလေ…………
ဒီလိုနဲ့လိပ်ထက် ဖြေးတဲ့ခြေလှမ်းတွေနဲ့ ဂိတ်အပေါက်ဝကို တရွေ့ရွေ့ လေးလံသောခြေလှမ်းတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြတ်သန်းစာအုပ် စစ်ဆေးတဲ့ ကောင်တာကိုရောက်မှပဲ ကျွန်နော်ရဲ့ စိတ်နဲ့ဒီခန္ဒာဟာ ပေါ့ပါးလမ်းဆန်းစွာနဲ့ အသက်ဝဝရှုသွင်း ထုတ်နိုင်ခဲ့ပါတော့တယ်…………
ယခုတစ်ပုဒ်တော့ ဒီလောက်ပဲ တိုတိုရေးတင်လိုက်တော့မယ်ဗျာ……………
အပြင်အလုပ်က အလုပ်ထဲရောက်ရောက်ခြင်း လုပ်နေရတာဆိုတော့ အချိန်လေးလွတ်တုန်း ရသလောက် ပေါ်လာသလို ရေးချတင်ပြလိုက်ပါတယ်ခင်ဗျာ…………
မနေ့ညကစောစောအိပ်ပျော်သွားလို့ တာဝန်ကိုမပျက်ကွပ်အောင် တစ်ရက်တစ်ပုဒ် ရေးချလျက်ပါပဲဗျာ……………………
5gxvp5bgyn.jpg
author: thura@thura
photo:cedit google images