တွေးချင်ရာတွေးပြီး ရေးချလျက်ပါ

thura(61)
Published in
#busy
Words
131
Reading
1 min
8y
Listen to this post
~1 min

IMG_20180525_005652.jpg

စာရေး တင်ပြနိုင်ခြင်းမရှိတာသုံးရက်လောက်ရှိသွားခဲ့ပြီလေ။
မအားလပ်လို့ပါဟု အကြောင်းပြချက်တော့ မထုတ်တော့ပါဘူး။
ဘယ်တုန်းကမှ နှစ်ရက်သုံးရက်ထက်မပိုသော ရေးသားတင်ပြချက်တွေနဲ့။
ဒီကနေ့မှစာရေးပြီ မတင်ပြပြနိုင်လျှင်တော့ နောက်တစ်ရက် မနက်ဖန်ဆိုတာ ငါ့အတွက် မသေချာမရေရာလှတော့ပေ။
ဘယ်လောက်အထိ အလုပ်မအားလပ် စတီးမစ်ကိုတော့ မခွဲနိုင်မခွာနိုင် အလျှင်သင့်သလိုလေး ရေးချတက်ပြနေခဲ့ပါတယ်လေ။
ရေးချတင်ပြခဲ့သော ငါ၏မပြီးဆုံးနိုင်သေးသော အပိုင်းဆက်ကိုတော့ ရေးချတင်ပြဖို့ရန် စိတ်အာရုံမရသေးတော့ ဆက်လက်တင်ပြနိုင်ရန် သွေးပူအောင် လေ့ကျင့်သည့်အနေဖြင့် စိတ်ထဲရှိတာတွေကို ရေးချင်သလိုလေးပဲ ရေးချလိုက်ပေဦးမည်။
ရေးချတင်ပြစရာ အကြောင်းအရာများ ပျောက်ဆုံးနေခြင်းတော့မဟုတ် ရေးချစရာ ပေါးများစွာ ရှိနေလေ၏။

စာရေးတယ်ဆိုတာ ကိုယ်နားလည်သလို ဘယ်လိုပဲရေးချနေပါစေ နေ့စဉ်နေ့တိုင်းရေးချတင်ပြနေတဲ့အနေအထားလေးမှ တစ်ရက် နှစ်ရက် သုံးရက် ထိုမျှလောက် နေ့ရက်တွေကြာသွားခဲ့လျှင်တော့ ဘယ်ကစပြီး ဘယ်လိုရေးချရမည်ဆိုသည်ထက် စာရေးသောအရှိန်ရပ်တန့်သွားခြင်းကြောင့် ရေးချရန် အကြောင်းအရာ မည်မျှပေါကြွယ်ဝနေပါစေ လက်တွေ့၌ စာရေးရန် နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန်ဆုံးလို့သွားတက်သည်ကိုတော့ အခြားမလေ့လာပါနဲ့ ကျွန်တော် စာမရေးဖြစ်သော သုံးရက်ဆိုသည့် အတိုင်းအတာကိုသာကြည့်လျှင် သိရှိနိုင်ပါလိမ့်မယ်။
ဒီလို ပေါ့ပါးသော စာများကို ရေးချတင်ပြနေတာကိုတောင် မကြာခဏဆိုသလို ပျက်ကွက်ခဲ့သည့် နေ့ရက်တွေလည်း ခဏခဏ တွေ့ကြုံခဲ့ရဖူးတယ်။

လေးနက်ပြီး ရသပြောင်မြောက်သော စာအရေးသားများကို ရေးချတင်ပြမယ်ဆိုလျှင်တော့ တစ်လကို တစ်ပုဒ်ရေးချတင်ပြနိုင်ဖို့တောင် လွယ်မယ်မထင် လေးနက်တော့ခက်ခဲ ခက်ခဲတော့နှုးညံ့ နှုးညံ့တော့ သိမ်မွှေ့ တွေ့ရင်းနဲ့ ခေါင်းကိုက်လာပြီ မတွေးတော့ဘူး ဒီလိုလေးပဲ ရေးနေမိတယ်လေ။
ရေးချင်သလို ရေးနေတယ်ဆိုသည်ထက် ရေးတက်သလိုလေးတွေရေးနေမိတာပေါ့။
လေးလေးနက်နက်နဲ့လည်း ရေးခဲ့ဖူးပါတယ်။
သိပ့်ကောင်းတဲ့အရေးအသား ဒီလိုမန့်ချက်မျိုးရရှိအောင်လည်း ကြိုးစားခဲ့ပြီးပါပြီ။
ရင်ထဲမှာ နစ်နေအောင် ခံစားမှုအပြည့်အဝနဲ့လည်း ရေးချတင်ပြခဲ့ပြီးပါပြီ။
ယခုတော့ ဟိုအရင်ကလိုမဟုတ်တော့ ဟိုတချိန်ကလို ရင်ကိုနစ်ပြီး စာကိုဆက်လက်ရေးနေမိမယ်ဆိုလျှင်တော့ ကိုယ်ရေးသောစာ ကိုယ်တစ်ယောက်သာဖတ်ပြီး ရူးရင်ရူး မရူးရင်တော့ နှလုံးရောဂါ ရဖို့သာ ရှိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တစ်ချိန်တုန်းက စာမဖတ်ပဲ မန့်ချင်တာမန့်ကြသော လူဖျင်းများ ပေါးများခဲ့ခြင်းကြောင့်ပါလေ။
ယခုတော့ ထိုလူဖျင်းများ သင်ပေးလိုက်သော အသိဆိုးတွေကြောင့် မန့်ချင်တာမန့် ဒီလိုပေါ့ပေါ့ပါးပါး စိတ်ထဲရှိတာတွေသာ ရေးချနေဦးမည်။
"ကဲ"ညလည်းနက်တာထက်နက်လာပြီ မျက်စိလည်းညှောင်းနေပြီဗျာ။
thura@thura

တွေးချင်ရာတွေးပြီး ရေးချလျက်ပါ | Ecency