Ecency နဲ့ ကျွန်မ

Words
111
Reading
1 min
Listen
Play
3y

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ Thoon ပါ။ ခုမှ Ecency နဲ့ Hive အကြောင်းကို စတင်လေ့လာနေသူတစ်ယောက်ဖြစ်ပါသည်။ Hive platform နဲ့မရင်းနှီးတဲ့သူဖြစ်လို့ သူ့ရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့် နေတာကို တော်တော်ကြာပါသည်။

Ecency app နဲ့ Hive ကိုအတူတူပဲလို့ထင်ခဲ့ပေမယ့် ecency က Hive ရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာကိုသိခဲ့ရပါသည်။ Hive Blockchain တစ်ခုလုံးက ကျယ်ပြန့်တာဖြစ်လို့ နားလည်ဖို့ကိုတော့ အချိန်ပေးလေ့လာရဦးမှာဖြစ်ပါသည်။

နဂိုကလည်း စာရေးနေကြမဟုတ်ပေမယ့်၊ အားလပ်တဲ့အချိန်တွေမှာ social media တွေနဲ့ပဲ အချိန်ကုန်နေရတာကို ငြီးငွေ့လာတာဖြစ်လို့ ecency ကို စမ်းသုံးကြည့်ဖို့ကြိုးစားခဲ့ပါသည်။
စာရေးတဲ့အခါ ဘယ်လိုဘယ်ပုံရေးတာက သူ့ရဲ့ standard လည်း၊ ဒီ community က members တွေက ဘယ်လိုအကြောင်းအရာမျိုးကို ဘယ်လိုဖန်တီးရေးကြတာလည်း ဆိုပြီး လိုက်ရှာဖတ်မိပါသည်။ community မျိုးစုံရှိပြီး content လည်းစုံလင်တာမို့ ရေးရမှာ နည်းနည်းတော့ အားတက်မိပါသည်။

ဘာအကြောင်းအရာတွေ ရေးရမလဲ တွေးမိတော့
အမှတ်တရ ပြောပြချင်တဲ့အကြောင်းအရာတွေ၊ ကိုယ်တိုင်ဖန်တီးထားတဲ့ အရာ‌လေးတွေ၊ sharing လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာလေးတွေကို ရေးသွားဖို့စိတ်ကူးမိပါသည်။

Hive ရဲ့ ငွေကြေးသွားလာပုံတွေကိုတော့ ခုမှ ဖြည်းဖြည်းချင်း လေ့လာသွားဖို့စိတ်ကူးထားပါသည်။

ဒီလိုနဲ့ လမ်းအသစ်မှာ တစ်ဖြည်းဖြည်း အသားကျလာဖို့ မျှော်လင့်ပါသည်။

ဒီ post ရဲ့အကြောင်းအရာက‌တော့ ecency စသုံးရင်း ကြုံတွေ့နေရတဲ့ အကြောင်းအရာ နဲ့ အတွေးကို ဖော်ပြချင်လို့ရေးသားခဲ့ခြင်းပဲဖြစ်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။
🌼Have a good day!! 🌼

ThooN

Photo credit from google

Ecency နဲ့ ကျွန်မ | Ecency