အမှား.....
အမှား မှားပါ..
များများမှား..ပါ..မှားပြီးရင်
များများသင်ခန်းစာရ မှာ..ဖြစ်သလို
သင်ခန်းစာရလေ အသိတေ ကြွယ်လေ..
အသိတေ ကြွယ်လေ..အမှား ကိုကြောက်လာလေ...
အမှားကြောက် လာလေ အမှန် ဘက် ခြေ ဦးလှည့် နိုင်လေ...ဘဲ မို့
မှားပြီးရင် အမှန်ဘက် ကို သွား တဲ့ဘဝက ပိုတန် ပါတယ်..,
ဒါပေမဲ့..
လူတိုင်းမှာ တော့ အမှောင်ခြမ်းဆိုတာ ရှိကြတယ်
အရမ်းတော် အရမ်းကောင်းနေတဲ့ သူတွေရဲ့အတိတ်မှာလည်း အမှားတွေရှိနိုင်သလို
ကိုယ်လုပ်ရပ်တွေမှားနေခဲ့တာသိလို့ အချိန်မီ ပြင်ဆင်နိုင်ခဲ့ရင်းအနာဂတ်မှာ လူတော်လူကောင်း အဖြစ်ရပ်တည် နေနိုင်သူတွေလည်း ရှိကြပါတယ်...
မွေးသန္ဓေဆိုး ဆိုတာ သေမှ ပျောက်တတ်တယ်ဆိုတာ မေ့ ထားမရပြန်ပါဘူး.,
မမှားဘူးသူဆိုတာမရှိပါဘူး
အနည်းအများသာ ကွာကြတာပါ....
အမှား ထဲမှာ သိသိ နဲ့ မှားမိတာ.
မသိလို့ မှား လိုက်မိတာ..မသိတသီ မှား မိတာ..ဘယ်လို မှားမှား
မှားမှန်းသိသိနဲ့ ဆက်မှားနေသောသူသာရှိကြပါတယ်.....
နေ့သစ်ဆိုတာ လူတိုင်း လူတိုင်းရဲ့မျှော်လင့်ချက်ပါ အကောင်းတွေကို မျှော်လင့်ရင် အဆိုးတွေကို စွန့်ပြစ်တတ်ရပါမယ် အဆိုးအကောင်းလဲ ဝေဖန် ပိုင်း ခြားနိင်ရမယ်..
အဆိုးတေ ကို လက်မလွတ် ဘဲ ဖက်တွယ်
အဆိုးတွေဆုပ်ကိုင်ထားသ၍ နေ့သစ်ဆိုတာ ရှိမလာနိုင်ပါဘူး.....
အဓိက
ကိုယ့်အမှားကိုယ်သိဖို့နဲ့ အချိန်မီပြင်ဆင်တတ်ဖို့ ..
အမှား ကနေ အမှန် အမြန် ပြင် နိုင်ဖို့ သာ အဓိအရေးကြီး ပါတယ်...