အိုးပုတ်​ ပွဲသို့တစ်​​ခေါက်

Words
69
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီ​နေ့​တော့ မန္တ​လေးရဲ့ မ​ရောက်​ဖူးတဲ့​နေရာ​လေးကို သွားဖြစ်​ခဲ့တယ်​။တစ်​နှစ်​မှ တစ်​ကြိမ်​သာ ကျင်းပတဲ့ပွဲ​တော်​​လေးလည်းဖြစ်​၊ချစ်​စရာ မြန်​မာ့ဓ​လေ့ကို​ဖော်​ညွှန်း​နေတဲ့ ပွဲ​လေးလည်းဖြစ်​ပါတယ်​။

received_2427145624178427.jpeg

ဒီလိုပွဲ​လေး​တွေ ​ရှေးအစဉ်​အဆက်​က ကျင်းပခဲ့ပြီး အခုချိန်​ထိ လက်​ဆင့်​ကမ်းသယ်​​ဆောင်​လာတဲ့ ရိုးရာဓ​လေ့​လေးလည်းဖြစ်​ပါတယ်​။ အဲ့ဒါက​တော့ မန္တ​လေးမြို့ရဲ့ နာမည်​ကြီးပွဲတစ်​ပွဲ ဖြစ်​တဲ့ အိုးပုတ်​ ပွဲပဲဖြစ်​ပါတယ်​။ ကစားစရားအိုးပုတ်​​လေး​တွေကလည်း အစုံ ၊ အရုပ်​ပုံစံ၊အ​ကောင်​ပုံစံ​လေး​တွေနဲ့ ထုလုပ်​ထားတဲ့ ရွဲ့ နဲ့ပြုလုပ်​ထားပြီး အ​ရောင်​​လေး​တွေမျိုးစုံ​အောင်​ခြယ်​သ ထားပြီး ခင်းကျင်းပြသတဲ့ ချစ်​စရာ ရိုးရာပွဲ​လေးလည်းဖြစ်​ပါတယ်​။

received_2427145624178427.jpeg

ပွဲရက်​မ​ရောက်​​သေး​တော့ သိပ်​မစည်​လှ​ပေမယ့်​ ​တော်​​တော်​များများ​တော့ ​ရောက်​​နေကြပြီ။ စုပူး​လေး​တွေကို ပုံစံအမျိုးမျိုးနဲ့ထွင်းထုထားတာ​လေး​တွေ တကယ်​ကို ချစ်​စရာ​ကောင်းပါ​ပေတယ်​။သြော်​..ဘယ်​တိုင်းပြည်​..ဘယ်​နိုင်​ငံမှာမှ မရနိုင်​တဲ့ တို့မြန်​မာကရိုးရာ​လေး​တွေ၊ချစ်​စရာ ဓ​လေ့​လေး​တွေဟာ တို့မြန်​မာပြည်​ကို တစ်​ဖက်​တစ်​လှမ်းက​နေ အလှဆင်​​နေကြတာပဲမဟုတ်​လား။

received_298034554290179.jpeg

အိုဘယ့်​မြန်​မာ ဘယ်​လို​တွေများလှ​နေတာလဲဆိုပြီး ချစ်​စရာရိုးရာ​လေး​တွေပြည့်​နက်​​နေတဲ့ ပန်းချီ ကားတစ်​ချပ်​ကို ကမ္ဘာကြီး သိ​အောင်​ပြလိုက်​ချင်​တယ်​။ ဒီလို ရိုးရာ​လေး​တွေ မ​ပျောက်​ပျက်​ဘဲ အမြဲထာဝရ မြန်​မာပြည်​ကြီးနဲ့အတူ တည်​ရှိ​နေပါ​စေ။ ဒီလိုအလှတရား​တွေ ​ရေရှည်​ တည်​တံ့ပါ​စေဆု​တောင်းလိုက်​ပါရ​စေ။

thithisann@thithisann
Msc 262

အိုးပုတ်​ ပွဲသို့တစ်​​ခေါက်​ | Ecency