နောက်မဆုပ်ရပါ

thihakyaw(31)
Published in
#life
Words
54
Reading
1 min
Listen
Play
8y

arm-wrestling-567950_960_720.jpg
အပူအပင်ဆိုတာ လိုအပ်ချက်တစ်ခုလို့တောင် လူ့ဘ၀မှာ
ထင်မှတ်ထားမိတယ် ဟုတ်တယ်နော် အပူအပင်မရှိရင်
လောကကြီးကပျင်းစရာတောင် ကောင်းနေဦးတော့မယ်လေ
အရာအားလုံး မပြည့်စုံတောင် အတော်များများ ပြည့်စုံတဲ့သူ့တွေ
လေ့လာကြည့် ဒီလိုကလေးတွေက ပေါ့ပေါ့နေပေါ့ပေါ့စား များတယ်
ပြည့်စုံနေတော့ အားအထုတ်တော့ဘူးလေ ချို့တဲ့သောကလေးတွေက
သူအဆင်မပြေတာ မိဘအဆင်မပြေတာသိတယ် တောရုံ မပူဆာဘူး
သူ့ဘ၀သူနားလည်ပြီးသားဘဲ
ပြည့်စုံခြင်းကို ဘုရားက ဖန်ဆင်းပေးရင်တော့ ဒီလောကမှာ ကြိုးစားသူ
ဆိုတာ တစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူး လောကကြီးလည်း
အခုလောက် လှပတော့မယ်မထင်မိဘူး
ဘ၀ဆိုတာ မီတာ တစ်ရာမဟုတ်ပါဘူး ခရီးက တိုတိုလေးမဟုတ်ဘူး
အရှည်ကြီး အကြာကြီးသွားရမှာ သက်လုံမကောင်းတဲ့သူကတော့
နောက်ကျကျန်ခဲ့မယ် ခရီးဆုံးမရောက်ဘူး မအောင်မြင်နိုင်ဘူးပေါ့
ဒါကြောင့် အခက်အခဲကို မကြောက်ဘဲ ပျော်ရွှင်စွာ ကြိုးစားရင်ဆိုင်လိုက်စမ်းပါ
thihakyaw@thihakyaw
photo-google image

နောက်မဆုပ်ရပါ | Ecency