အဲ့ဒီမတိုင်မီရက်နေ့ကတည်းက ကျနော်တို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ကျနော်တို့အနေနဲ့ ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း မရောက်ရောက်အောင် သွားမယ်။ ဒီလက်ပံတန်း အတားအဆီးတွေကို ထိုးဖောက်ပြီး မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ လိုင်းချခဲ့တယ်။ လက်ပံတန်းကနေပြီး ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း အခြေအနေ တစုံတရာအရ ရောက်သွားပြီဆိုတာနဲ့ ဒီဘက်မှာရှိတဲ့ အနေအထားအရ လျှော့ချလို့ ရနိုင်သလောက် ကြိုးစားပြီးတော့ ကျနော်တို့ လျှော့ချမယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ အရ လိုင်းခွဲပြီး ကစားဖို့၊ ကျနော်တို့ ဆုံးဖြတ်ချက် ချလိုက်တယ်ပေါ့အဲ့ဒီထဲမှာ ကျနော်တို့ ရန်ကုန်မှာ ပင်မစစ်ကြောင်း ရောက်သွားပြီဆိုတာကို ပင်မစစ်ကြောင်းက တခုခု ပေါ်သွားအောင်လို့ ကျနော်တို့ ဗဟိုလုပ်ငန်းကော်မတီက ရဲဘော်တွေရယ်၊ သပိတ်စစ်ကြောင်းရဲ့ နဖူးစည်းတချို့ရယ်နဲ့အလံတွေရယ်၊ တချို့ဟာတွေကို ရန်ကုန်မှာ ကြိုတင် စီစဉ်ထားဖို့ ကျနော်တို့ သွားကြတာဖြစ်ပါသည် အဲ့ဒါကို အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ဗဟိုလုပ်ငန်းကော်မတီတချို့နဲ့ ရဲဘော်ဆယ် ယောက်လောက်ကို ကျနော်တို့ ထုတ်ထားပြီးတော့ အဲ့လို လျှို့ဝှက်ခရီးတခုနဲ့ ကျနော်တို့သွားပြီး ရန်ကုန်ကို ရောက်တယ်ဆိုတဲ့အကြောင်း ကြေညာလိုက်လေသည်အဲ့ဒါက ကျနော်တို့ ထွက်ပြေးသွားတာ မဟုတ်ဘူးပေါ့စခန်းကို စွန့်ခွာသွားတာ မဟုတ်ဘူးပေါ့ကျနော်တို့အနေနဲ့ ဒါကို အစီအစဉ်အတိုင်း ဆောင်ရွက်တာလို့ပြောလေသည်