@honeysara မဂီ ကိုအကြောင်းပြုပြီး နောက်တစ်ခု
သိလာရပြန်တာက Snax ပါပဲ။ အခုတစ်လော steemit
ရဲ့ Trending Tab မှာလည်း Snax အကြောင်းတွေ
ဝေဆာပွင့်ဖူးနေလို့  ကျနော်လည်း Snax မိပြန်ပါတယ်။
အဲဒီလိုနဲ့  snax.one ကိုသွားပြီး အကောင့်ဖွင့်ပါတယ်။
သူက အကောင့်ဖွင့်ဖို့  Wallet အရင်လုပ်ခိုင်းပါတယ်။
Wallet က Chrome Browser ရဲ့ Extension နဲ့ လုပ်ရပါတယ်။
ပြီးတော့မှ မိမိရဲ့ Twitter နဲ့ ချိတ်ပြီး Log in ဝင်ရပါတယ်။
ဒါဆိုရင် အကောင့်ဖွင့်တာ ပြီးပါပြီ။
အကောင့်ဖွင့်ပြီးတော့ ဘာဆက်လုပ်ရမှန်းမသိလို့ 
ဟိုရှာဒီရှာ လိုက်ဖတ်ကြည့်ရင်း Snax အကြောင်း
တွေ့ မိသမျှလေးကို ပြန်ဖောက်သည်ချလိုက်ပါတယ်။
Snax ဆိုတာ blockchain platform တစ်ခုပါပဲ ။
လူတွေ အကြိုက်တွေ့ ဆုံးဖြစ်နေတဲ့ social media
တွေ ဖြစ်တဲ့ twitter , instagram တို့ ကို စွန့် ခွာ
ရခြင်းမရှိပဲ အဲဒီကနေ တစ်ဆင့် တင်တဲ့ ပို့ စ်တွေကနေ
Rewards တွေ ရရှိမှာပဲ ဖြစ်ပါတယ်။ အခု မေလ ၁၄
ရက်နေ့ မှာတော့ steemit နဲ့ snax တို့ ဟာ တွဲဖက်
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါက ဒုတိယ
အကြိမ် ဖြစ်မယ်လို့ ထင်ပါတယ်။ ပထမဆုံး Snax ဟာ
Twitter နဲ့ ပေါင်းစပ်ခဲ့တယ်လို့ ယှူဆပါတယ်။ Developers
တွေ အနေနဲ့ လည်း Snax blockchain ကို အသုံးပြုပြီး
Social Dapp တွေကို ဖန်တီးနိုင်မယ်လို့ သိရပါတယ်။
Snax ရဲ့ရည်ရွယ်ချက်ကတော့ Social media တွေပေါ်ကို
တင်လိုက်တဲ့ ပို့ စ်တွေတိုင်းမှာ တန်ဖိုး တစ်ခုရှိမယ်လို့ 
ယုံကြည်ထားပါသတဲ့။ ဒါပေမယ် Snax ကိုယ်တိုင်
Social Platform တစ်ခု ပြုလုပ်မယ့်အစား ရှိပြီးသား
နာမည်ရ Platform တွေ ဖြစ်တဲ့ Twitter Instagram
Steemit တို့ တွေရဲ့ Platform မှာပဲ တစ်ဆင့်ခံ ပေါင်းစပ်ဖို့ 
ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့် အမြင်အရ ဒီအချက်က
Game Changer လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
အားနည်းချက်တွေ ရှိလိမ့်မယ်လို့ လည်း မြင်မိ
ပါတယ် ။ အဲဒီကိစ္စကတော့ Snax က ပိုပြီး
ကြိုစဉ်းစားမိမှာပါ။
ဒီနေရာမှာ Steem နဲ့  Snax အကြောင်းလေး ပြောပါရစေ။
သူတို့ နှစ်ခုက တူသယောင်ရှိပေမယ့် အဓိပ္ပာယ်
အတော်လေး ကွဲလွဲကြပါတယ်။ Steem ဟာ Blockchain
Based Blog Platform တစ်ခုဖြစ်ပြီး စာရေးသားခြင်း
Vote ပေးခြင်း ၊ ကွန်းမန့် ရေးခြင်း (Curate) တို့ ကနေ
Rewards တွေ ရရှိနိုင်တယ်ဆိုတာ သိပြီး ကြပါလိမ့်မယ်။
Snax ဆိုတာကလည်း Blockchain Platform တစ်ခု
ပါပဲ။ သူအဓိကထားတာက Social Attention ပေါ်မူတည်
ပြီး Reward တွေပေးမှာဖြစ်ပါတယ်။ ဘယ်လို Social
Attention လည်းဆိုတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့
Social Media တွေဖြစ်တဲ့ Instagram တို့  Twitter တို့ 
အခုဆိုရင် Steemit ပေါ့လေ . . . အဲဒီဟာတွေမှာ
ပို့ စ်တွေတင်လိုက်ရင် မိမိပို့ စ်နဲ့ ပတ်သက်ပြီး
လူတွေရဲ့ တုန့်ပြန်မှုပေါ် မူတည်ပြီး Reward တွေရမှာပါ။
အကြမ်းဖျဉ်းအားဖြင့် ပြောရရင် သူတို့ နှစ်ခုဟာ
Rewards ပေးတဲ့ decentralized social platform
ချင်းတူပေမယ့် နည်းပညာအရတော့ ခြားနားမှု
ရှိပါတယ်။ Steem ဟာသူ့ ရဲ့ Blockchain ကို အသုံးပြုနိုင်ဖို့ 
သူ့ ကိုယ်ပိုင် Social Platform ကို ဖန်တီးလိုက်ပေမယ့်
Snax ကတော့ ရှိပြီးသား Social Media တွေပေါ်မှ
တစ်ဆင့် သူ့ ရဲ့ Blockchain ကို ပေါင်းစပ်ပြီး အသုံးပြု
တာဖြစ်ပါတယ်။
Snax ရဲ့ Reward ပေးပုံက ရိုးရှင်းလှပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ Social Platform မှာ
ပုံမှန်အတိုင်း ပို့ စ်တွေ တင်နေရုံပါပဲ။အဲဒီအခါ
Snax က လူတွေရဲ့ မိမိပို့စ် အပေါ်ပေးတဲ့
Attention ပေါ်မူတည်ပြီး Rewards တွေ ပေးသွားမှာပါ။
တစ်ခုပဲ လုပ်စရာလိုပါတယ် . . . အဲဒါကတော့
မိမိသုံးနေတဲ့ Social Platform ကို Snax နဲ့ 
Join ထားရမှာပါ။ Snax ရဲ့ Rewards တွေဟာ
AR (Attention Rate) ပေါ်မူတည်ပါတယ်။
AR ဆိုတာကတော့ Snax က ဖန်တီးထားတဲ့
Metric System တစ်ခုဖြစ်ပါတယ်။ Google Index
Pages တွေနဲ့  အလုပ်လုပ်ပုံချင်းဆင်တူတယ်လို့ 
လည်း သိရပါတယ်။Snax က မိမိရဲ့ Post ကို
Vote လုပ်တဲ့လူ၊ Retweet လုပ်တဲ့ လူတွေဟာ
ဘယ်လိုလူမျိုးတွေလဲဆိုတာကို ထည့်စဉ်းစားပါတယ်။
သူက လက်ရှိ Platform ပေါ်မှာ ဘယ်လောက်ထိ
Popular ဖြစ်လဲအထိ စဉ်းစားပါတယ်။ ပြီးတော့ Like
ဘယ်လောက်ရလဲ၊ Retweet ဘယ်လောက်ရလဲ
ဆိုတာတွေကိုပါ ထည့်စဉ်းစားပြီး AR ကိုတွက်ချက်တာပဲ
ဖြစ်ပါတယ်။AR အတွက်အသေးစိတ်ကိုတော့ Snax white paper
ဖတ်ကြည့်နိုင်ပါတယ်။ Snax white paper
ဖတ်ကြည့်ဖူးတဲ့လူက သုံးသပ်ထားတာ ရှိပါတယ်။
အဲဒါကတော့ Snax မှာရည်ရွယ်ချက်တစ်ခု
ရှိပါသတဲ့ ။ သူတို့ ရည်ရွယ်ထားတဲ့ Platform ဆိုတာ
Social Influencers တွေဟာ သူတို့ ရဲ့ ပို့စ်တွေပေါ်
မူတည်ပြီး Rewards တွေ ရရှိမှာ ဖြစ်ပါတယ်။ ကြော်ငြာရှင်
တွေ အနေနဲ့ ကလည်း Snax Tokens တွေကို အသုံးပြုပြီး
အဲဒီ Social Influencers တွေကို သူတို့ ရဲ့ Products
အကြောင်းတွေကို ရေးသားစေမှာဖြစ်ပါတယ်။
နောက်တစ်ခု သူသုံးသပ်ပြထားတာက Snax ဟာ
အမည်မထင်ရှားတဲ့ အဖွဲ့ အစည်းတစ်ခုကနေ
စတည်ထောင်လိုက်တာ ဖြစ်တယ်။ ပြီးတော့
Chrome Extension ကို အသုံးပြုလိုက်တာဟာ
မိမိရဲ့ Network အသုံးပြုမှုကို သူတို့ အနေနဲ့
လိုက်ပြီး ခြေရာခံနိုင်တယ်ဆိုတာ ကိုတော့ သုံးသပ်
ပြထားပါတယ်။