အတွေးအကြံ၏လွှမ်းမိုးသက်ရောက်မှု (၄၁)

Words
16
Reading
1 min
Listen
Play
8y

P70.jpg

    လူတစ်ယောက်သည်အများစက်ဆုပ်ရွံရှာမှုကိုခံရပြီးချမ်းသာကြွယ်ဝနေနိုင်၏။ ထိုနည်းတူ အများ၏မေတ္တာကိုခံယူလျက်လည်းပစ္စည်းဥစ္စာရှားပါးလျက်ရှိတတ်၏။ မိမိ၏ ဓနဥစ္စာကိုမှန်မှန်ကန်ကန် ညဏ်ပညာဖြင့်အသုံးပြုသောအခါမှသာ အများ၏ မေတ္တာနှင့်ချမ်းသာသုခကိုတွဲဖက်ခံယူနိုင်ပေသည်။ တစ်ဖက်တွင်းပစ္စည်းဥစ္စာရှားပါးသူအနေနှင့် မိမိသည်သူတစ်ပါးတို့ မိမိအပေါ်မတရားသဖြင့် တင်ကြသော ၀န်ကိုထမ်းပိုးနေရသူသာဖြစ်ပါတကား ဟုမှတ်ယူုလိုက်မိသည့်အခါ၌သာ တကယ်နိမ့်ပါးနုံချာသော ဘ၀သို့ဆိုက်ရောက်သွားပေသည်။
အတွေးအကြံ၏လွှမ်းမိုးသက်ရောက်မှု (၄၁) | Ecency