Kyaw Zaw Lay crd...

Words
195
Reading
1 min
Listen
Play
9y

FB_IMG_1499237645222.jpg

ဓါတ်ပုံဘဝ ဓါတ်ပုံအတွေ့အကြုံ (၄)

အဖြူအမဲ ring light လေးနဲ့ ရိုက်ထားတဲ့ "အမေ ပီတိ အပြုံး "ဆိုတဲ့ပုံလေးအကြောင်း ပြောပြပါမယ်။ ဒီနေ့မွေးနေ့ရှင် အောင်ပြည့်စိုး ကို ဂုဏ်ပြုတဲ့ အနေနဲ့ပေါ့။
ဒီပုံကိုရိုက်ဘို့ ဘယ်လို idea ရခဲ့သလဲဆိုရင် အောင်ပြည့်စိုး ရဲ့ ကိုရင်လေးပုံကို အရမ်းကြိုက်ခဲ့တာက စခဲ့တာပါ။ ။သူလိုလိုက်ရိုက်မယ်လို့လဲ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ကိုရင်ဆိုတော့ ကိုယ်က ဘာနဲ့ရိုက်မှာလဲ သူပုံက ဘယ်လိုခံစားရသလဲံ,,,သူပုံက ငေးမော တွေးတော လွမ်းဆွတ် သတိရ ဆိုတဲ့ ရသတခု ခံစားရပါတယ်။
ကိုယ်ကရိုက်ရင် သူ့ထက်ကောင်းချင်တာ ပြိုင်ပွဲလဲ ပြိုင်ချင်တာ ဆုကလဲရချင်တာ အဲဒီတုန်းကပေါ့ 😍
ဒီပုံအတွက် စပီးစဉ်းစားပါတယ်
မြန်မာတွေ ဘယ်လိုရသမျိုး ကြိုက်တတ်သလဲ,ရသ ပြင်းအား တခု မြင့်ဘို့အတွက် ဘယ်လိုရသမျိုးနဲ့ ရိုက်မှာလဲ ။လူတိုင်းလဲကြိုက်ရမယ်,လူတိုင်းလဲခံစားနိုင်ရမဲ့ မိဘမေတ္တာ နဲ့ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်မှာလဲ ၇ လသား သမီးလေးလဲ အဆင်သင့် ရှိနေတာလဲပါတာပေါ့ဗျာ,,,,
အိမ်မှာတယောက်ထဲ ဖလက်မီး ၃ လုံးနဲ့ ရိုက်ပီး သူငယ်ချင်းတွေကို ပြပါတယ်။
ကိုသူရထွန်းက ပြောပါတယ် သိပ်မကောင်းသေးဘူး တဲ့။အဲဒါဆိုရင် ခင်ဗျား ဖလက်မီးတလုံးငှား ထပ်ရိုက်မယ်ဆိုပီး ထပ်ပီး ရိုက်ကြပါတယ်။
ပထမ အကြိမ်တုန်းက အမှားတွေ ပြင်ပါတယ်။ ကလေးကို ဘောင်းဘီ မဝတ်တော့တာတို့ ကျောဘက်မှာ လိုက်တင်ကျ အောင် မိန်းမ ဆံပင်ပြောင်းတာတို့ကို ပြင်ဆင်ပီး ဖလက်မီး ၄ လုံးနဲ့ အိမ်ထဲမှာဘဲ ရိုက်ခဲ့ပါတယ်။ မိန်းက ကလေးကို အခါ၂၀ လောက်တော့ မြောက်ရတာပေါ့ ။ နောက်ရက် လက်မောင်းတွေ နာတယ်လို့တော့ ပြောသံကြားရပေမဲ့ ပြိုင်ပွဲအတွက် ရိုက်တာ ဆုရ ရင်ရမှာလို့ဘဲ ပြောပီးနှစ်သိမ့်ပေးရတာပေါ့။

အောင်ပြည့်စိုး ကတော့ ဆုရမရ မသိပါဘူး
ကျွန်တော်ကတော့ ပြည်တွင်းပွဲမှာ ပထမ ရခဲ့ပါတယ်။
ကျွန်တော်အတုယူပီး, အတုခိုးပီး, ကော်ပီ ရိုက်ခဲ့ပါတယ်။မူရင်းနဲ့မတူအောင် ပိုကောင်းအောင် ပိုပီး သဘာဝကျအောင် စဉ်းစားပီး ရိုက်ပါတယ်။
ကျွန်တော် အောင်ပြည့်စိုး ပုံ မမြင်ခဲ့ရ ရင် ဒီလိုidea မရနိုင်ပါဘူး။ ဓါတ်ပုံများများ ကြည့်ပါတယ်, ရုပ်ရှင်ကောင်းကောင်း , ပန်းချီ, ကာတွန်း , စာပေ ,တွေကနေ idea ယူပါတယ် ,ရိုက်မယ် လို့စိတ်ကူး ထားတာတွေ ချက်ချင်းအကောင်အထည်ဖေါ်ပါတယ် , အလေ့အကျင့် လုပ်ယူပါတယ်, အတွေ့အကြုံမှ သင်ခန်းစာ ယူကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါတယ် ။ နောက်တပတ်မှာ ဘယ်သူ့ဆီက အတုယူခဲ့သလဲဆိုတာ ထပ်ရေးပါအုံးမယ်

မွေးနေ့ရှင် အောင်ပြည့်စိုး Aung Pyae Soeကိုလဲ ဒီစာလေးနဲ့ ဂုဏ်ပြုပါတယ် လူတိုင်း အတုယူ ရလောက်တဲ့ ပုံမျိုး တွေ အများကြီး ဆက်လက် ဖန်တီးနိုင်ပါစေ ,,,,

အားလုံး ကျန်းမာ ပျော်ရွှင် ကြပါစေ

ကျွန်တော် ကျော်ဇောလေး ဓါတ်ပုံချစ်သူ တယောက်ပါ (၅,၇,၂၀၁၇)

Kyaw Zaw Lay crd... | Ecency