Love
I should think the tree nursery was that I had. Movies from romances, sweet kids.
ဆန်ကာတင်စစ်ထုတ်လိုက်တဲ့ ဖြူဖြူသန့်သန့် မျက်ရည်တွေသာ နေ့စဉ်စာမျက်နှာမှာ အဖတ်တင်ကြာတော့ ဝေါဟာရတွေလည်း ချဉ်လာတယ်။“လူကြီးမင်း ခေါ်ဆိုသော သနပ်ခါးပါးကွက်မှာဆက်သွယ်မှုဧရိယာပြင်ပ….´´တဲ့။အနီးအနားက တယ်လီဖုန်းကို ဓာတ်မှန်ရိုက်လိုက်လို့ ထွက်လာတဲ့ နဂ္ဂတစ်ပါ။ အချစ်ဆိုတာကလည်း ခြစ်တိုင်းမတောက်တဲ့ အရာဖြစ်ပြီး အလွမ်းဆိုတာကလည်း လွှမ်းတိုင်းမလုံတဲ့ ပုဝါ။နင်ကတော့
ရေးဖွဲ့တိုင်း မဆုံးတဲ့ ကဗျာ။