မူကြို

Words
45
Reading
1 min
Listen
Play
8y

ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်”အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကိုစိတ်ဒုက္ခအပေးဆုံး… ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။
author:theinmama@theinmama

မူကြို | Ecency