သြော်​ ​နွေတဲ့လား...

Words
87
Reading
1 min
Listen
Play
7y


ဘေးနားမှာ သူမရှိကတည်းက
ပိ​တောက်​​တွေဘယ်​​လောက်​​ဝေ​ဝေ
ဟောဒီ​ ​နွေစစ်​စစ်​ကြီးကို
ကျွန်​​တော်​ ...မုန်းမိသည်​...

ပျက်​သွား​သော ပန်​ကာ​လေးကိုကြည့်​ရင်း ဖီးမိတယ်​​လေ။

ဆောင်းအကုန်​​တော့ ​နွေကူးပီ​လေ စာသား​တွေဘယ်​လိုနု​အောင်​ကြံကြံ ​​မန္တ​လေး​နွေစုတ်​ ​နွေပဲက​တော့ ​နေစရာမရှိ​အောင်​ ပှုခွဲပီပဲ။
တကယ်​​နေစရာဖြင့်​မရှိဘူး။ ဘယ်​နားသွားသွား ပှုတာပဲ။ အင်္ကျီများမချွတ်​လိုက်​နဲ့ ချွတ်​လိုက်​တာနဲ့ ပြန်​မဝတ်​ချင်​​တော့ဘူး။
အဲ့ယားကွန်းမရှိ​တော့ အိပ်​လို့ကလည်း မရ။
အပြင်​သွား​တော့​ကော အထက်​က​နေကပှု ​အောက်​က ကတ္တရာလမ်းကပှု ဆိုင်​ကယ်​အင်​ဂျင်​ကပှု
ဆင်းရဲ​လေ ပိုပှု​လေမှတ်​တာပဲဗျာ။
နေကပှု​တော့ အစားကပျက်​ပါဘိနဲ့။
ဒီကြားထဲနားကပှုတယ်​။ ဘာတဲ့ ​ကောက်​ရိုး​နေပှုတယ်​​နော်​ ​လျော့ဦးတဲ့။
လူ​တွေများ မနာလိုဝန်​တိုတတ်​​သေး ​ဆောင်းတွင်းတုန်းက​ကျ​တော့ ​ကောက်​ရိုး​အေးတယ်​ ပိုပိုသာသာ​လေးလုပ်​ပါလားကျ မ​ပြောကြဘူး။
အာ့​ကြောင့်​ ရာသီဥတုကြီး တနှစ်​ထက်​တနှစ်​ပိုဆိုးလာတာက လူ​တွေ ရင်​ဘတ်​ထဲက စိတ်​​တွေ​ကြောင့်​ဖြစ်​မယ်​။

မန်း​လေး​နွေသာ မုန်းတာဗျ မန်းသင်္ကြန်​ကျ​တော့ ချစ်​တာ။ သင်္ကန်း မစည်းရရင်​​တော့ဖြင့်​ နှစ်​တိုင်း မပျက်​​စေရဘူး။ မိန်းမကိုပြန်​မ​ပြောရဲလို့ ငြိမ်​ခံလာခဲ့သမျှ မဏ္ဍပ်​​ရှေ့ ​ပေါက်​ကွဲရတာကိုးဗျ။
ဒါ​ပေသိ သင်္ကြန်​ကလည်း တ​လ​လောက်​ကလို​သေး​ပေမယ့်​ ဒူချုပ်​ဒူချပ်​​တွေနဲ့ ဆရာမြို့မငြိမ်းတို့၊ ဦး​ဇော်​ဝမ်းတို့အသံ​တွေကကြား​နေရပီ။
နွေဦးဆိုတဲ့အတိုင်း ဘယ်​လွမ်းလို့လွမ်းရမှန်းမသိပါဘူးဆိုမှဖြင့်​ ​နေကပှုလို့ ​ရေစိမ်​ချင်​ သီချင်းသံ​လေး​တွေကလည်း မြူဆွယ်​​နေ​တော့ကာ။
မြန်​မြန်​သာ သင်္ကြန်​ကို​ရောက်​ချင်​လှပါပီဗျာ။

MSC 005
That Ko Zaw

သြော်​ ​နွေတဲ့လား... | Ecency