For Myanmar Steemit Newbie

Words
574
Reading
3 min
Listen
Play
9y

မင်္ဂလာပါ
Steemit တွင်​ အ​ကောင့်​ရပြီးဘာဆက်​လုပ်​ရမလဲ မသိဆိုသူ​တွေအတွက်​ အစ်​ကိုkachinhenry@kachinhenry ၏ post များ pdf ပြုလုပ်​၍ ပြပါ​သော်​လည်း စာများများ ​တွေရင်​ ​ကြောက်​ကြ​သော သူများ အတွက်
လွယ်​ကူ ရှင်းလင်း​စေရန်​ပြန်​​ရေးသားလိုက်​ရပါသည်​။ ကြိုးစား​ရေးသား ပါ​သော်​လည်း နားမလည်​သည်​ရှိပါက ဆရာtinhlaingoo@tinhlaingoo post များကိုဆက်​လက်​​လေ့လာပါလို့ တိုက်​တွန်းလိုက်​ပရ​စေ။
Messenger group ထဲတွင်​လည်း ​မေးမြန်းနိုင်​ပါသည်​။

Upvotes(like)
Facebook ကဲ့သို့ like ​ပေးခြင်းဖြစ်​သည်​။
တစုံတ​ယောက်​၏စာ သို့မဟုတ်​ comment ကို like ​ပေးခြင်းမျိုးဖြစ်​သည်​။
ပုံတွင်​ အဝိုင်းပြထား​သော ​နေရာတွင်​နိပ်​ရသည်​။
received_705159043011561.jpeg

Comments
အထက်​တွင်​​ပြောခဲ့သလို facebook တွင်​ comment ​ပေးသလိုပါပဲ။
မိမိ ကို သတိပြုမိ​စေရန်​ အခြားသူများ၏ post တွင်​ comment ​ရေးခြင်းဖြင့်​ မိတ်​ဆက်​ပါ။
မိမိအား comment ​ပေးခဲ့သူ ရှိ​သော်​ reply ပြန်​၍ အ​လေးထား​ကြောင်း ​ပြသပါ။
အောက်​ပုံတွင်​ပြသထား​သော reply ကိုနိပ်​၍ comment ​ပေးပါ။
received_705159083011557.jpeg

Creating Posts
Post တစ်​ခု စတင်​​တောမည်​ဆိုပါက ယခုပုံတွင်​ပြထား​သော ခဲတံပုံ ​နေရာအား နိပ်​၍ ​ရေးသားပါ။
IMG_20170902_095913.png

Post တစ်​ခုတွင်​ ​ခေါင်းစဉ်​၊ စာကိုယ်​ နှင့်​ သက်​ဆိုင်​​သော အ​ကြောင်းအရာ ဟူ​သော အပိုင်း သုံးပိုင်း ရှိသည်​။ မဖြစ်​မ​နေထည့်​ရပါသည်​။
မိမိတင်​ပြီး​သော post အား ပြင်​ဆင်​ရန်​အတွက်​လည်း ​အောက်​တွင်​ edit အားနိပ်​၍ ပြင်​ဆင်​နိုင်​ပါသည်​။ 7 ကြိမ်​ ခန့်​ ပြင်​ဆင်​၍ ရပါသည်​။

Tags
Tag သည်​ category သက်​ဆိုင်​သော အပိုင်း ခွဲခြင်းမျိုးဖြစ်​သည်​။ မိမိ၏ post အား အခြားသူများ မြင်​​တွေ့နိုင်​​စေရန်​ လွယ်​ကူ​အောင်​ ပြုလုပ်​​ပေးခြင်းတမျိုးလည်းဖြစ်​သည်​။
ဥပမာ myanmar ဟု ​ရေး​သော်​ myanmar tag list ​ခေါင်းစဉ်​​အောက်​တွင်​ ​သွား၍ ​ပေါ်မည်​ဖြစ်​သည်​။ မိမိ post နှင့်​ သက်​ဆိုင်​ရာ ငါးခု ​ရွေးချယ်​ နိုင်​ပါသည်​။ သက်​ဆိုင်​ခြင်းမရှိပဲ ထည့်​ပါက သတိ​ပေးခံရမည်​ ဖြစ်​သည်​။
tag တွင်​ စာလုံးအ​သေးသာ သီးသန့်​ ​ရေးရသည်​။
Space bar ခြားရသည်​။
အောက်​ပါ link တွင်​ မည်​သည့်​ tag list များရှိသည်​ကို ​လေ့လာနိုင်​သည်​။
အထူးဂရုပြုရန်​မှာ
မြန်​မာ ဆိုပါက tag တွင်​ myanmar ကို မဖြစ်​မ​နေထည့်​​ပေးရန်​ လိုအပ်​သည်​။
https://steemit.com/tags

Followers and Feeds
Follow လုပ်​သည်​ ဆိုသည်​မှာ facebook တွင်​ follow လုပ်​ခြင်းနှင့်​ ခပ်​ဆင်​ဆင်​တူ​ပေသည်​။
Steemit တွင်​ friend လုပ်​ခြင်း မရှိ​ပေ။ မိမိနှစ်​သက်​​​သောသူအား follow လုပ်​ခြင်းဖြင့်​ new feed တွင်​ ထိုသူ်​တို့၏ post များ​ပေါ်မည်​ဖြစ်​သည်​။
ထို့အတူ မိမိ အား follow လုပ်​ထားသူများအား ပြန်​၍ follow လုပ်​​ပေးပါ။
ပြုလုပ်​ရန်​မှာ ထိုသူ၏ နာမည်​ကိုနိပ်​လိုက်​ပါက follow ဟု​ပေါ်လျင်​ နိပ်​လိုက်​ပါ။
မိမိ blog တွင်​လည်း မိမိအားမည်​သူ followလုပ်​ထားသည်​ကိုကြည့်​နိုင်​သည်​။

Resteem
Resteem လုပ်​ခြင်းဆိုသည်​မှာ share လုပ်​ခြင်းနှင့်​ တူ​ပေသည်​။ ​အောက်​ပုံတွင်​ ပြထား​သော အဝိုင်း​နေရာဖြစ်​သည်​။
received_705161323011333.jpeg

Curation
Curation ဆိုသည်​မှာ post တွင်​ ရရှိ​သော $၏ 25% အားခွဲ​ဝေ၍ vote ​ပေး​သော သူများရရှိ​ပေသည်​။ ထို vote ​ပေး​သော သူများအား curators ဟု​ခေါ်ဆိုသည်​။ မိမိ တွင်​ vote power ပိုများပါက ရရှိ​သော curation reward ပို၍ များ​ပေသည်​။

https://steemstats.com/#!/
ဘယ်​​လောက်​ရသည်​နှင့်​ မိမိ၏ voting power အထက်​ပါလင့်​တွင်​ကြည့်​နိုင်​သည်​။

Payments
Payments ဆိုသည်​မှာ မိမိ ရရှိ​သော$များအား post စတင်​​သောရက်​မှ 7 ရက်​တွင်း vote ​ပေးနိုင်​ပြီး 7 ရက်​ပြည့်​ပါက မိမိ wallet အတွင်းသို့ ပို့​ပေးသည်​။
7ရက်​မပြည့်​ခင်​အတွင်း ​ဈေးအတက်​အကျအလိုက်​​ပြောင်းလဲနိုင်​သည်​။
ရေးသားသူသည်​ 75% ရရှိ၍ vote ​ပေးသူများသည်​ 25% ရရှိသည်​။

ရေးသားသူသည်​ ထိုရရှိ​သော 75% ထဲမှ
Reward တွင်​ 50/50 ထားပါက
Steem doller (sbd) 50%၊ Steem Power 50% ရရှိမည်​ဖြစ်​သည်​။

Reward တွင်​ 100 ထားပါက
Steem Power 100% ရရှိမည်​ဖြစ်​သည်​။

Profile
မိမိ profile တွင်​ ​အောက်​ပါ အချက်​ များ ပါဝင်​သည်​။
Feed - မိမိ follow လုပ်​ထား​သော သူများ တင်​​သော post များ​ပေါ်​နေမည်။

Blog - မိမိတင်​​သော post များ၊ မိမိresteem လုပ်​​ထား​သော အခြားသူ၏ post များ

Comments - မိမိ comment ​ပေးထားသည်​များ

Replies - မိမိpost တွင်​ ​ပေး​သော commentများ, မိမိ comment ​ပေးထားသည်​ကို reply ပြန်​ခြင်းများ

Wallet - မိမိပိုင်​ဆိုင်​​သော steem power, steem doller, steem များ

Change Password - မိမိ password ကို ​ပြောင်းခြင်း
Screenshot_2017-09-02-09-43-11.png

Reputation
ဆိုသည်​မှာ steemit တွင်​ရှိ​​သောမိမိ၏ တန်​ဖိုးပါ။
Post အနည်းအများနှင့်​ comment များလျှင်​ များသလို တ​ဖြေး​ဖြေးချင်း မြင့်​တတ်​လာနိုင်​သလို အလံ​ထောင်​ခံ ရခြင်း​ကြောင့်​လဲ reputation နိမ့်​ကျသွားနိုင်​သည်​။
အ​ကောင့်​အသစ်​တိုင်း rp 25 ဖြင့်​ စတင်​သည်​။
မိမိနာမည်​​ဘေးမှ နံပါတ်​များမှာ မိမိ၏ rp(reputation)ဖြစ်​သည်​။

Cashing out or Spending SBD
SBD(Steem Doller) ကို Peerhub Store တွင်​ အသုံးပြုနိုင်​သလို
Steem coin နှင့်​ Steem Doller ကို Block Trades, Poloniex နှင့်​ Bittrex အစရှိ​သော Market ဆိုဒ်​များတွင်​ Btc(Bitcoin) ​လက်​ရှိ​ပေါက်​​ဈေးနှင့်​ အညီ ပြောင်းလဲနိုင်​သည်​။
သို့မဟုတ်​ Power up ခြင်းဖြင့်​လည်း မိမိ၏ steem power ကို မြင့်​တင်​နိုင်​သည်​။

Plagiarism
ဤသည်​မှာ အ​ရေးကြီး​သော အချက်​ဖြစ်​သည်​။
Steemit သည်​ မိမိကိုယ်​တိုင်​​ရေး​သော ဖန်​တီးမှုများသာလျှင်​ လက်​ခံ​ပေသည်​။

အခြားသူများ ဖန်​တီးထား​သည်​ကို မိမိကိုယ်​ပိုင်​ဟန်​ဖြင့်​တင်​ခြင်းကို ကန့်​ကွက်​ထားသည်​။
အကယ်​၍ မိမိ၏ post တွင်​ တစုံတစ်​​ယောက်​၏ ပုံ သို့မဟုတ်​ စာသားများ ယူသုံးပါက မည်​သည့်​​နေရာမှ ကိုးကားခဲ့သည်​ကို ပြန်​လည်​ညွန်းဆို​ပေးရမည်​။
ဥပမာ google မှ ပုံကို ယူသုံးပါက Image from google ဟု ​ရေးရမည်​။
စာဆိုလျှင်​လည်း ဆရာမည်​သူ၏ မည်​သည့်​စာအုပ်​ မှ အချက်​အလက်​တချို့ကို ကိုးကားစာရင်းတင်​ပြရ​ပေမည်​။

Password Security
Password အ​ရေးကြီးသည်​။ Password ​ပျောက်​လျှင်​ သင်​၏ Steemit Bank ​တွင်​သိမ်းထား​သော ​ငွေ​ပျောက်​သွားသည်​သာမှတ်​ပါ​လေ။ ပြန်​မရနိုင်​​တော့ပါ။ ထို့​ကြောင့်​ အထူးဂရုစိုက်​သိမ်းဆည်းပါ။ screen shot ​လောက်​နှင့်​မရပါ note ဖြင့်​ဖြစ်​​စေ cloud ​ပေါ်တွင်​ဖြစ်​​စေ စာအုပ်​ထဲတွင်​ ဖြစ်​​စေ ​သေချာ​ရေးမှတ်​ထားပါ။ password သည်​ အ​ကောင့်​ approve link ​mailထဲ ​ရောက်​သည်​နှင့်​ steemit က ​ပေး​သော password ဖြစ်​သည်​။ ​သေချာသိမ်းဆည်းပါ။

Create your "introduceyourself" post
အ​ကောင့်​ စရသည်​နှင့်​ steemit ၏ ရိုးရာ ဖြစ်​​သော မိမိကိုယ်​ကိုယ်​ မိတ်​ဆက်​ခြင်းဖြင့်​ စတင်​ရပါမည်​။မိမိသည်​ မည်​သူမည်​ဝါ၊ မည်​သို့ အလုပ်​အကိုင်​ မည်​သည်​ကိုသ​ဘောကျနှစ်​သက်​သည်​ စသည်​ဖြင့်​ မိမိ အ​ကြောင်းကို အချိန်​​ယူ ပြုစုကာ မိတ်​ဆက်​ရပါသည်​။
မိမိ၏ ပုံကို အ​ပေါ်ဆုံးတွင်​တင်​ကာ မိတ်​ဆက်​ပါ။ ဖြစ်​နိုင်​လျှင်​ စာရွက်​တွင်​ I Love Steemit ဟု စာ​ရေးပြီး ထိုစာရွက်​ကိုကိုင်​ကာ ရိုက်​ထား​သောပုံကို သုံးခြင်းဖြင့်​ မိမိသည်​ real user ဖြစ်​​ကြောင်း fake အ​ကောင့်​မဟုတ်​​ကြောင်းပြသပါ။
မိမိ၏ အခြား facebook, twitter အစရှိ​သော social media အ​ကောင့်​များ link ထည့်​၍လည်းမိတ်​ဆက်​နိုင်​ပါသည်​။
အခြားသိလိုသည်​ရှိ​သော်​ ကျ​နော့်​ facebook account တွင်​​မေးမြန်းနိုင်​ပါသည်​။

Steemit Myanmar မှ ကြိုဆိုပါတယ်
Translate from steemit welcome

https://steemit.com/welcome

That Ko Zaw)