football

Words
70
Reading
1 min
9y
Listen to this post
~1 min

ပရိသတ်တွေအတွက် ပထမဆုံး တွစ်တာအကောင့် ကိုမိတ်ဆက်ခဲ့တဲ့ မီလ်နာ
လီဗာပူးလ်ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျိန်းစ်မီလ်နာကတော့ အသင်းပရိသတ်တွေအတွက် သူ့ရဲ့ ပထမဆုံး လူမှုကွန်ယက်အကောင့်ကို ဖန်တီးခဲ့ပြီး ရီမောစရာကောင်းတဲ့ ဓါတ်ပုံတစ်ခုကို ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်မှာတော့ ပရိသတ် ၆ သိန်းကျော်ရှိတဲ့ Boring James Milner ဆိုတဲ့ တွစ်တာအကောင့်ကနေ မီလ်နာရဲ့ ကွင်းတွင်းကွင်းပြင် လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ အကောင့်တစ်ခုရှိပါတယ်။ဒီအကောင့်မှာတော့ မီလ်နာနဲ့ ပရိသတ်တွေကြားမှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်ဖွယ် ဟာသတွေကိုလည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီလ်နာသူရဲ့ တရားဝင် တွစ်တာအကောင့်ကို ပြုလုပ်ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကိုလည်း စတင်မိတ်ဆက်ခဲ့ပါတယ်။ မီလ်နာ ပထမဆုံးဖော်ပြခဲ့တဲ့ ဓါတ်ပုံကတော့ ကိုယ်တိုင်မီးပူတိုက်နေတဲ့ ပုံဖြစ်ပြီး သူတွစ်တာမှာမရှိခဲ့တဲ့ ကြာသပတေးနေ့ကို ပြန်သွားရအောင် ဆိုပြီးစာသားနဲ့ ပူးတွဲဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက်မှာ မီလ်နာအနားရနေခဲ့ပြီး လီဗာပူးလ်အသင်းနဲ့အတူ လာမယ့် မတ်လ ၃၁ ရက်နေ့မှ ပြန်လည်ပူးပေါင်းသွားရမှာ ဖြစ်ပါတယ်။