esteem

Words
23
Reading
1 min
9y
Listen to this post
~1 min

ဆန်ဒရို ဒဏ်ရာရနေတယ်လို့ ဂျူဗင်တပ် အတည်ပြု image
နောက်ခံလူအဲလက်စ်ဆန်ဒရိုဟာပေါင်ကြွက်သားဒဏ်ရာရနေတယ်လို့ ဂျူဗင်တပ်အသင်းက အတည်ပြုလိုက်ပါတယ်။
ဆန်ဒရိုဟာဒီဒဏ်ရာကြောင့် ဘရာဇီးအသင်း လူစာရင်းကနေလည်း နုတ်ထွက်ခဲ့ရသူဖြစ်ပါတယ်။ ဘရာဇီးဟာကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ ရုရှား၊ ဂျာမနီတို့နဲ့ ခြေစမ်းမှာဖြစ်ပါတယ်။ဆန်ဒရိုပြန်လည်ရောက်ရှိလာချိန်မှာ ဆေးစစ်ခဲ့တော့ ညာဘက်ပေါင်ကြွက်သား ဒဏ်ရာရနေတာကိုတွေ့ရှိခဲ့ရပါတယ်။ လောလောဆယ်မှာတော့သူပြန်ကစားနိုင်မယ့်ရက်ကို ဂျူဗင်တပ်ကမကြေညာသေးပါဘူး။ ဂျူဗီဟာနိုင်ငံတကာပွဲတွေအပြီး ပြန်ကစားမယ့်စီးရီးအေပြိုင်ပွဲမှာ အေစီမီလန်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ image