အဆိုပါပွဲစဉ်မှာ PSG အသင်းဟာ ရီးယဲလ်မက်ဒရစ်ကို (၂)ဂိုး (၁)ဂိုး ( နှစ်ကျော့ပေါင်း(၅)ဂိုး (၂)ဂိုး ) နဲ့ ရှုံးနိမ့်ပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့ ဝေးကွာခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အပြုအမူကြောင့် UEFA က PSG အသင်းကို ဒဏ်ငွေ ယူရို(၄၃၀၀၀) ပေးဆောင်ဖို့အပါအ၀င် အရေးယူမှု (၄)ခုပြုလုပ်ခဲ့ပါတယ်။ PSG အသင်းဟာ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲ ပြီးဆုံးဖို့ (၇)ပွဲသာ ကျန်တော့တဲ့အချိန်မှာ ဒုတိယနေရာ မှ မိုနာကိုအသင်းကို (၁၇)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ ဒါကြောင့် လာမယ့်နှစ်ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမဆုံးအိမ်ကွင်းပွဲစဉ်ကို PSG အသင်းအနေနဲ့ ပရိသတ်မပါဘဲ ကစားရတော့မှာဖြစ်ပါတယ်။