လူ့အလိုနတ်မလိုက်နိုင်

Words
72
Reading
1 min
Listen
Play
8y

အားလုံးဘဲ မင်္ဂလာပါဗျ။မနေ့ညက မြန်မာတစ်နိုင်ငံလုံး အောင်လအန်ဆိုင်းရဲ့ပွဲကို ကြည့်ကြပါတယ်။အဲဒီပွဲမှာလဲ အောင်လအန်ဆိုင်းဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဒီတစ်ပွဲတော့ သူလဲအကွဲအပြဲပါဘဲ။ပွဲမပြီးမချင်း ရင်တမမ၊ အားမလိုအားမရနဲ့ ကြည့်ခဲ့ရပါတယ်။နောက်ဆုံး ၅ချီကြမှသာ အောင်လရဲ့ လက်သီးကြောင့် ဂျပန်ကစားသမားမှောက်ကျသွားပြီး ထမ်းစင်နဲ့ပါ ထုတ်လိုက်ရပါတယ်။ဒီနေရာမှာ အောင်လဟာ အားကစားသမားစိတ်ဓာတ်ပီပီ ပွဲပြီးပြီးချင်းချက်ချင်း အောင်ပွဲမခံဘဲ ခဏအကြာမှသာ အောင်ပွဲခံခဲ့ပါတယ်။ဒါဟာလဲ လေးစားစရာစိတ်ဓာတ်ပါဘဲ။
36343687_1792567304114218_4440359721450340352_n.jpg
Image Source

အောင်လပွဲကိုနိုင်လိုက်တာကြောင့် Facebook မှာလဲ အောင်လ ဆိုပြီးရေးတင်လိုက်ကြတာ ဖုန်းမျက်နှာပြင်တစ်ခုလုံး အောင်လနိုင်ပွဲရတဲ့အကြောင်းတွေဘဲ တင်ကြတာများပါတယ်။အဲဒါနဲ့ comment တွေကို လိုက်ဖတ်လိုက်တဲ့အခါ အောင်လကို သနားတဲ့အကြောင်း လေးစားစရာကောင်းတဲ့အကြောင်း တွေရေးကြတာများပါတယ်။ဒီနေရာမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အကျင့်စရိုက်အတိုင်း အခုပွဲကျတော့လည်း သနားတာနဲ့ လေးစားတာတွေနဲ့ပြည့်နေပါတယ်။ အရင်ပွဲတွေ အောင်လနိုင်တုန်းကတော့ အချိန်အနည်းငယ်အတွင်း နိုင်လိုက်တဲ့အခါ မြန်မာနိုင်ငံလာပြီး လုပ်ပွဲကစားတာလား ဘာလားဆိုပြီး ရေးကြပြောကြတာတွေလဲရှိတော့ဒီတစ်ခါ အောင်လက "ကုလားကားလောက်ကောင်းလား"ဆိုပြီးပြောသွားပါတယ်။ အော် လူတွေများဘယ်လိုနိုင်နိုင် အပြောကတော့မလွတ်ပါဘူး။လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့လဲ တစ်ယောက်ချင်းစီရဲ့အကြိုက်ကို ပြည့်စုံအောင်လိုက်လုပ်ပေးဖို့တော့ခက်ပါတယ်။အဲဒါကြောင့်လဲ "လူ့အလိုနတ်မလိုက်နိုင်" ဆိုတဲ့ စကားပုံပေါ်လာတာဖြစ်မယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါသည်။

Thant Zin Soe(tharpauk@tharpauk)
MSC 134

လူ့အလိုနတ်မလိုက်နိုင် | Ecency