ပူပြင်းတဲ့ရာသီမှာ

Words
51
Reading
1 min
Listen
Play
8y

ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ မုန့်လက်ဆောင်းလုပ်နည်းလေးအကြောင်း တင်ပြပေးချင်ပါတယ်။အခုလို ပူပြင်းတဲ့ရာသီနဲ့ လိုက်ဖက်တဲ့အစားအစာလေးဖြစ်မှာပါ။

ပါဝင်တဲ့ပစ္စည်းတွေကတော့ မုန့်လက်ဆောင်းဖက်၊ ထန်းလျက်၊ ဆား၊ အုန်းသီး၊ သကြား၊ ဆားတို့ဖြစ်ပါတယ်။
image
ပြုလုပ်ပုံကတော့ မုန့်လက်ဆောင်းဖက်ကို ဗန်းတစ်ခုထဲထည့်ပြီး ရေစိမ်ထားပါ။ ပြီးရင်တော့ အုန်းနို့မုန့်လက်ဆောင်းလုပ်ဖို့ အုန်းသီးကို အုန်းနို့ညှစ်ပြီး သကြား၊ ဆားတို့ထည့်ပြီး အရည်ပျော်အောင် အပူပေးပါ။ ပြီးရင်တော့အအေးခံထားပါ။ ပြီးရင်တော့ ထန်းလျက်မုန့်လက်ဆောင်းအတွက် ထန်းလျက်တွေကို ဒယ်အိုးထဲထည့်ပြီး ရေထည့်ကျိုပါ။ မပျစ်မကျဲအခြေအနေဖြစ်လာရင် ဆားအနည်းငယ်ထည့်ပြီး မွှေပါ။ ပြီးရင် အအေးခံပါ။ ပြီးရင်တော့ မုန့်လက်ဆောင်းကို အုန်းနို့နဲ့ဖြစ်စေ၊ ထန်းလျက်ရည်နဲ့ ဖြစ်စေ၊ ၂ မျိုးရောစပ်ပြီး ဖြစ်စေ ကြိုက်သလို သောက်သုံးနိုင်ပြီပေါ့။ နွေရာသီကာလလေးမှာ မုန့်လက်ဆောင်းသောက်ပြီး ရင်အေးနိုင်ကြပါစေ။

ပူပြင်းတဲ့ရာသီမှာ | Ecency