သာဓု

Words
69
Reading
1 min
Listen
Play
8y

အင်္ဂါသားသမီးများဒီရက်တွေအတွင်း ခရီးထွက်ဖို့ အကြောင်းတွေ ပေါ်လာတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီကောင်းတွေ ရပြီး ရည်ရွယ်ချက် ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ပါလိမ့်မယ်။ စာရွက်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေ စိတ်ရှုပ်ရတတ်ပါတယ်။ ခရီးကိစ္စတွေ၊ ကုန်သွယ်မှုကိစ္စတွေ အထူးအဆင်ပြေပါမယ်။
image
ငွေအလုံးအရင်းနဲ့ ၀င်လာတတ်ပါတယ်။ ငွေရေးကြေးရေးမှာတော့ လိမ်ညာခံရတတ်ပါတယ်။ သတိပြုပါ။ အချစ်ရေးမှာတော့ ချစ်သူအတွက် အချိန်ပေး ပျော်ရွှင်မှုများကြောင့် အချိန်ကုန်အလုပ်ပျက်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ နားလည်မှု မျှဝေခံစားမှုတွေနဲ့ သာယာပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၉ နဲ့ ၄ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများအခုရက်တွေအတွင်း နှစ်ကြိမ်နှစ်ခါ ပြန်လုပ်ရတတ်ပါတယ်။ အထစ်အငေါ့အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ရွှေရတနာ၊ အလှအပ၊ အနုပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ၀င်လာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေ ပျက်ထွက် အသစ်လဲရတတ်တယ်။ ပညာရပ်တစ်ခုသင်ယူခြင်း၊ သင်တန်းတက်ခြင်းကိစ္စတွေအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဆုံးရှုံးထားတဲ့ငွေတွေ ပြန်လည်ဝင်ရောက်လာတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ ကြင်နာယုယမှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အလုပ်များပြီး မိသားစုနားမနေနိုင်လို့ အိမ်ထောင်ဘက်ရဲ့ ငြိုငြင်မှုကို ခံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၅ နဲ့ ၉ ဖြစ်ပါတယ်။

သာဓု | Ecency