ဒီတစ်ပတ်ရဲ့ Movie Review ကဏ္ဍမှာတော့ ထိတ်လန့်ဖွယ် horror ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားအမည်ကတော့ A Quiet Place ဖြစ်ပါတယ်။ အမေရိကန်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ John Krasinski က ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ၂ဝ၂ဝ ခုနှစ်ကို မျှော်ကိုးကာ ကွန့်မြူး ရိုက်ကူးထားတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်ကို ထူးထူးဆန်းဆန်းသတ္တဝါအကောင်တွေ ရောက်လာခဲ့တာ လနဲ့ ချီကြာမြင့်ခဲ့ပါပြီ။
ဒီသတ္တဝါတွေဟာ ကမ္ဘာ့နေရာအနှံ့မှာ အသံကြားတိုင်း ရောက်လာပြီး လူတွေကို သတ်ဖြတ်လေ့ရှိတဲ့အတွက် လူတိုင်း စကားမပြောပဲ sign language နဲ့ ပြောရင်း တိတ်ဆိတ်စွာနေထိုင်ကြရပါတယ်။ မစ္စတာ Abbott ဟာ မိသားစုနဲ့ အတူနေထိုင်ပြီး သတ္တဝါတွေရဲ့ ရန်ကနေ တိမ်းရှောင်နေရပါတယ်။ သမီးကြီးက ငယ်စဉ်တည်းက နားမကြားတဲ့အတွက် sign language နဲ့ပြောရတာအဆင်ပြေပေမယ့် အဆော့မက်တဲ့ ၄ နှစ်အရွယ်သားလေးကိုတော့ အသံမထွက်ဖို့ လေ့ကျင့်ပေးရတာ မလွယ်ကူခဲ့ပါဘူး။