ကင်မရာတွေ ကောင်းလာသလို ကင်မရာအတွက် Application တွေလည်း အများကြီးပေါ်ထွက် လာပါတယ်။ ဒီလို Application တွေ အများကြီးထဲကမှ ကောင်းနိုးရာရာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။Camera360Camera360 ကို စမတ်ဖုန်းရှိတဲ့သူ အားလုံးနီးပါး သိကြပါတယ်။ ဒီကင်မရာက ပုံထွက်ကောင်းလွန်းလို့ မိန်းကလေးအများစု သုံးကြတယ်။ (တစ်ခါတလေ သူတို့ကို ရိုးရိုးကင်မရာနဲ့ရိုက်ပေးကြည့် စိတ်ဆိုးပါလေရော) အွန်လိုင်းမှာဆိုရင်လည်း မျက်နှာပြောင် Troll တဲ့သူတွေက အမွေးနုတ်ထားတဲ့ကြက်တစ်ကောင်း
Camera360 နဲ့ ရိုက်ပြထားဖူးတယ်။ ကြက်အရေခွံမှာ ဘာအဖုအထစ်တွေမှမရှိ ဖြူဖွေးချောမွတ်နေပါရောလား။ အဲဒီလောက် ကောင်းလားဆိုရင် ဟုတ်ကဲ့ အဲဒီထက်ပိုကောင်းပါတယ် လို့ ပြောရတဲ့အထိ။ Android, iPhone နဲ့ Window ဖုန်းတွေမှာ သုံးလို့ရအောင်လုပ်ပေးထားတာမို့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့လူသုံးအများဆုံး App ဖြစ်လာတာ မဆန်းတော့ပါဘူး။