ပတ်ဝန်းကျင်၌

thaet653(34)
Published in
#busy
Words
59
Reading
1 min
Listen
Play
8y

14-10-51-businessman-be-gossip-colleague-260nw-168615134.jpg
ပတ်ဝန်းကျင်၌
ကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ်
အတိုင်းတွေ အထွာတွေနှင့် တိုင်းထွားပြီး ကြည့်တက်ကြတဲ့ မျက်လုံးတွေနဲ့ပါ။
ငါမှငါဆိုတဲ့ အတ္တစိတ်စွဲတွေနဲ့ ငါလုပ်လိုက်လို့ ဒီလိုဖြစ်လာတာ
ငါပြောလိုက်ရင် အားလုံးငြိမ်သွားတာပဲဆိုတဲ့
ကိုယ့်ကိုကိုယ် အထင်ကြီးစိတ်နဲ့ ကိုယ်ရည်သွေးခြင်းတွေဟာ ပြည့်လျှံလို့နေပါတယ်။
ကိုယ့်အတွက်အဆင်မပြေနိုင်ရင် ဘာဆိုဘာမှမလုပ်ကြတဲ့ ပတ်ဝန်းကျင်တသ်ခုပါပဲ။
နောက်ပြီး လူအချင်းချင်းဖြစ်နေတာကို သူ့ထက်ငါက တော်တယ် တက်တယ်ဆိုပြီးတော့
မတူမတန်ဆက်ဆံတက်ကြပါတယ်။
ကိုယ့်အသွေးသားရင်းခြာမှလွဲပြီး ကျန်တဲ့လူတွေကို လူမထင်တက်ကြပါဘူး။
တစ်ပါးသူကိုသာ ထိခိုက်နစ်နာအောင် ပြောဆိုချင် လွယ်သလောက်
ကိုယ့်အသားနားလောက်အောင် ပြောဆိုလာရင်တော့ နည်းနည်းလေးကိုမှ
သီးခံတက်သောစိတ် မရှိကြပါဘူး။
ငါသာသူ့နေရာမှာဆိုရင် ထိုသို့အတွေး ကိုယ်ချင်းစာတရားမရှိ စိတ်ဓါတ်တွေခေါင်းပါးပြီး
ဇာရိတ္တတွေ ပျက်ပြား ပျက်စီးနေကြပါတယ်။
သူတို့အမြင်မကြည်လင်လာတော့ဘူးဆိုရင် မပြောပလောက်တဲ့ အပြစ်လေးကို ပုံကြီးချဲ့ပြီး
လူကွယ်ရာမှာ အတင်းဖျင်းတွေ ပြောနေတက်ကြပါတယ်ရှင်။
author: thaet653@thaet653
photo:cedit google images

ပတ်ဝန်းကျင်၌ | Ecency