မေဝးခ်င္ဘူးကိုကို

thaet653(34)
Published in
#busy
Words
43
Reading
1 min
Listen
Play
8y

154456_251803024948969_386748309_n.jpg
မေဝးခ်င္ဘူးကိုကိုေ
မျှာ်လင့်သလို ဖြစ်မလာတဲ့
ဆက်ဆံရေးတွေအကြား
ဒို့နှစ်ယောက်ရဲ့ရှေ့ရေး
မနက်ဖန်ထက် ပိုမတွေးရဲဘူး ကိုကို
ထပ်တူမျှဖို့ ကြိုးစားရင်း
ကိုးစားမိတဲ့ ယုံကြည်မှုက
ဒို့နှစ်ယောက်ရဲ့အချစ်ကို
ထပ်တူမကျစေခဲ့ပြန်ဘူး
လေးလေးနက်နက် ချစ်ပေးဖို့
တောင်းဆိုနေရင်း
ဟောင်းအိုနေတဲ့ တေးသွားကို
ပြန်သစ်ဖို့ နွှေးနေရသလို
ဆွေးရင်း ဆွေးရင်းသာ ဝေးလာခဲ့တာ
ဘယ်အနမ်းမှ ပြန်လွမ်းဖို့
အသင့်မဖြစ်သေးဘူး
နားလည်ပေးပါ ကိုကို
အချစ်ကို
ဘဝလို့ ခံယူထားသူအတွက်
ဘဝဆိုတာ အချစ်ပါလို့ ဖြည့်တွေးရင်း
ကိုကိုနဲ့ ညီမလေး
ခဏလေးမှ မဝေးပါရစေနဲ့နော်။
author:thaet653
photo:cedit google images

မဝေးချင်ဘူးကိုကို | Ecency