လေပြေလေညှင်းလည်းမလာတော့ပါနဲ့

thaet653(34)
Published in
#busy
Words
52
Reading
1 min
Listen
Play
8y

goodnight poem.jpg

လေပြေလေညှင်းလည်းမလာတော့ပါနဲ့
ဟိုအရင်တစ်ချိန်တုန်းက ငါ့ရင်ခွင်ကို တိုက်ခတ်လာတာ
လေပြေတစ်စုံလို့ ကျွန်မ ထင်ခဲ့ပါတယ်။
တကယ်ပဲ ဟုတ်မှန်နေပါတယ် ကျွန်မ အထင်နဲ့အမြင်မမှားနိုင်ပါဘူး။
ကျွန်မ မသိလိုက်တာကတော့ မုန်းတိုင်း တိုက်ခက်လာတော့မယ်ဆိုရင်
လေပြေလေညှင်းလေးတွေက အစပျိုးလာတက်တာကိုပါ။
ပထမအစကတည်းကသာ ကျွန်မသိခဲ့ရင် လေပြေကိုလည်းမလာခိုင်တော့ဘူး။
လေညှင်းကိုလည်း မလာပါတော့နဲ့လို ပြောလိုက်မိမှာပါရှင်။
ကျွန်မရဲ့ ရင်ခွင်လေးထဲကို ရောက်လိုလာခဲ့တဲ့
လေပြေလေညှင်းလေးတွေကိုတော့ မနှစ်သက်လို့ တော့မဟုတ်ပါဘူး။
ဒါပေမယ့် မမြင်နိုင်တဲ့ လေပြေလေညှင်းတွေရဲ့ နောက်ကွယ်က
ဖြစ်ပျက်လာမယ့် ပူဆွေးခြင်း ဝမ်းနည်းမှု ကြေကွဲခြင်းတွေနဲ့
ပေါင်းစပ်နေတဲ့ အမုန်းဆိုသော မုန်တိုင်းတွေကြောင့်
ကြေမွပျက်စီးသွားမယ့် အသဲအိမ်ကို ပြန်လည်တည်ဆောက်နိုဖို့အတွက်
ခွန်အားမရှိတော့လို့ လေပြေလေညှင်းတွေလည်း
ဘယ်တော့မှမလာတော့ပါနဲ့လို တောင်းစုခြွေရင်း……………………။
author: thaet653@thaet653
photo:cedit google images

လေပြေလေညှင်းလည်းမလာတော့ပါနဲ့ | Ecency