It is a relatively
A day to feed the dogs at the end of a bag of rice, a bag of rice to feed forty five Dan, the way she said it. dry cat food fed alteration.
When the group saw just a donor လှ guard dogs are very resistant.
Our dogs love to come and go, single indicator jailed. If you want to contact the number 09 250 359 044 you can contact. Or you can donate this btc adress : 15B6A5zwyCo8tAZfuBpn5EHV1TtnUPukN2
မင်္ဂလာဒုံမြို့နယ်၊လေးထောင့်ကန်စံပြကျေးရွာ၊ရွှေနံ့သာအုပ်စုက Golden Heart Animal Rescue ဆိုတဲ့ နေရာပါ။ဒုက္ခတခွေးကလေးတွေ၊ကြောင်ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အဲဒီနေရာမှာ ခွေးကောင်ရေ ၃၅၀ကျော်၊ကြောင် ၇၀ခန့်ရှိနေပါတယ်။အရေပြားဝဲစွဲ၊အရေပြားကင်ဆာ၊အကျိတ်၊အောက်ပိုင်းသေ၊ခြေပြတ်လက်ပြတ်စတဲ့ ခွေးများကို သက်ဆိုင်ရာ အကန့်လိုက်ခွဲပြီးဆေးကုသပေးနေတာတွေ့ရပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်ပုံမှန်ခေါ်ပြီးကုသပေးတာရှိသလို ရောဂါပြင်းရင်တော့ ဆေးခန်းကိုသွားရောက်ခွဲစိတ်ကုသပေးရတာမျိုးလည်းရှိတယ်လို့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ မနှင်းဆီမြင်ကပြောပြပါတယ်။ဂေဟာကိုစတင်ထူထောင်တာကတော့ ၂၀၁၃ ခုနှစ်ကတည်းကလို့သိရပါတယ်။
ခွေးတွေကိုကျွေးဖို့ တစ်နေ့ကို မနက်ဆန်တစ်အိတ်၊ညဆန်တစ်အိတ်ကုန်ပြီး ငါးဒန်အချိန်လေးဆယ်ကျွေးရတယ်လို့ သူမကဆိုပါတယ်။ကြောင်တွေကိုတော့ ကြောင်စာခြောက်ကျွေးတယ်လို့သိရပါတယ်။
သတင်းအဖွဲ့သွားရောက်တဲ့အခါ အလှူရှင်တွေလာရောက်လှူဒါန်းနေကြတာကိုတွေ့မြင်ရသလို ခွေးများဟာလည်းအလွန်ယဉ်ပါးတာတွေ့ရပါတယ်။
ခွေးချစ်သူများအနေနဲ့ သွားရောက်လည်ပတ်လိုသည်ဖြစ်စေ၊ လှူဒါန်းလိုသည်ဖြစ်စေ သွားရောက်နိုင်ဖို့ဖော်ပြလိုက်ရပါတယ်။ဂေဟာကို ဆက်သွယ်ချင်ရင်တော့ ဖုန်းနံပတ် ၀၉ ၂၅၀ ၃၅၉ ၀၄၄ ကိုဆက်သွယ်လို့ရပါတယ်