Steemit platform guide

Words
66
Reading
1 min
Listen
Play
8y

image

စာရေးမယ်လုပ်လိုက်တိုင်း အလုပ်တခုမဟုတ်တခုပေါ်လာတာနဲ့ စာရေးဖို့အချိန်မပေးနိုင်ခဲ့တာကြာပြီ။ Steemit ကို သုံးနေပေမဲ့ခုချိန်ထိသိပ်ပြီးနားမလည်သေးဘူး။

လေ့လာဖို့လဲအချိန်မပေးနိုင်သေးတာလဲပါတယ်။တခါတလေတော့စာတွေလိုက်ဖတ်ဖြစ်ပါတယ်။

Post တင်ရင် money ရတာလောက်ပဲသိထားတယ်။Post တင်တော့လဲ မဖြစ်စလောက်လေးရတာ။ဘာမှသုံးစားမရဘူး။သူများတွေတင်တဲ့postတွေရတာက မက်မောစရာ။ဘာတွေဘယ်လိုကွာဟနေလဲ။တခုခုတော့ရှိရမယ်။စိတ်တူညီတဲ့သူချင်း group ဖွဲ့ပြီး တဦးနဲ့တဦး အုပန်အလှန်ပေးရင် အဆင်ပြေနိုင်မယ်ဘို့ထင်တယ်။နောက်တခုလေ့လာမိတာက မြန်မာလိုရေးတဲ့ post ထက် English လို ရေးတဲ့post writing တွေက money ပိုရတာတွေ လေ့လာမိတယ်။

မြန်မာစာကို အများစုက မဖတ်တက်ဘူး။ဒါကြောင့်လဲ Steemit မှာ English user များတယ် English language writing post ရေးနိုင်ရင် vote တွေများလာနိုင်တယ်။ပြသနာက English post မရေးတက်တာလေ။

Steemit မှာရပ်တည်ဖို့အဆင်မပြေနိုင်မှန်းသိတယ်။
စာအရေးအသားကောင်းဖို့လဲလိုတယ်။သူများPost တွေလိုက်ဖတ်ကြည့်တယ် အရေးအသားတွေတော်တော်ကောင်းမွန်ကြပါတယ်။

စာရေးဆရာတွေ ကဗျာဆရာတွေ Steemit platform မှာလာပြီးရေးမယ်ဆို အောင်မြင်နိုင်မယ်လို့သုံးသပ်ကြည့်မိတယ်။
အရေးအသားမကောင်းသလို အလုပ်တွေပိနေတဲ့ကျမ တနေ့တခါSteemit မှာPost တင်ဖို့မဖြစ်နိုင်ပါ။
Steemit ကြီးရေရှည်တည်မြဲပါစေ။

Steemit platform guide | Ecency