FACEBOOK IS DELETE

Words
127
Reading
1 min
Listen
Play
8y

Facebook IS SCAM???

ကမ္ဘာပေါ်မှာ လူ သန်း ၁၀၀၀ ကျော် အသုံးပြုနေတဲ့ Facebook ဟာ အခုအခါမှာတော့ အကြပ်အတည်းဆုံးအချိန်ကို ဖြတ်သန်းနေရပီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထရန့်ရဲ့ အကြံပေး ဘန်နွန်ကနေတဆင့် ကန်းဘရစ်အန်နာလိုင်တစ်ကာလို့ခေါ်တဲ့ သုတေသန Companyတခုဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ထရန့်အနိုင်ရဖို့ Facebook က တဆင့် ပြင်ဆင်ခဲ့ကြပါတယ်။ Facebook ဟာ လူ သန်း ၅၀ ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးခဲ့တယ်လို့ တချို့ကဆိုသလို တချိုံ့က အဟက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Facebook ဟာ ဒီအကြောင်းကို ထိန်ချန်ထားခဲ့ပီး မထုတ်ဖော်ခဲ့ပါဘူး။ ဒါကြောင့် ဒီအဖွဲ့တွေဟာ ရွေးကောက်ပွဲမှာ အဆိုပါ လူတွေဆီ နိုင်ငံရေးကြေညာတွေ တောက်လျှောက်ပို့ဆောင်ပီး မဲဆွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Brexit မှာလဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုနောက်ဆုံး အင်္ဂလန်မှာ ပြသနာတွေ ဖြစ်လာတဲ့အချိန်မှာ The Guardian က ဒီအကြောင်းကို ထုတ်ဖော်တင်ပြလိုက်လို့ ဟိုးလေးတကြော်ဖြစ်နေပါတယ်။ အမေရိကန်က နာမည်ကြီးသတင်းစာ New York Times ကလဲ ထုတ်ဖော်ရေးသားခဲ့သလို စုံစမ်းရေးကော်မတီက မာ့ခ်ဇူကာဘက်ကို လာရောက်ရှင်းလင်းဖို့ ဆင့်ခေါ်နေပါပီ။

ဒါ့အပြင် ဒေါသထွက်နေတဲ့ လူတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှုအတွက် ဇူကာဘက်ကို ဒေါသတကြီး ဝေဖန်နေကြပီး ဒီနေ့မှာတော့ Twitter မှာ Deletefacebook ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေပီး Facebook အကောင့်ပေါင်းများစွာကို ဖျက်သိမ်းနေကြပါပီ။ ဒါကြောင့် Facebook ရဲ့ ရှယ်ယာတွေဟာလဲ ဆက်တိုက်ထိုးဆင်းနေပါတယ်။ မိတ်ဆွေတို့လဲ ကိုယ်ရေးဓာတ်ပုံတွေ၊ အချက်အလက်တွေ၊ စကားပြောဆိုမှုတွေမှာ လျို့ဝှက်အပ်သော မည်သည့်အရာတွေ Facebook ပေါ်မှာ ပြောဆိုသိမ်းဆည်းမိပီလဲဆိုတာ ပြန်လည်သုံးသပ်သင့်ပါပီ။ အဆုံးသတ်ရရင်တော့ Facebook ဟာ ယုံကြည်စိတ်ချရတဲ့နေရာတခုမဟုတ်ပဲ မိမိကိုယ်ရေးအချက်အလက်တွေဟာ ပေါက်ကြားခံရနိုင်ချေရှိနေလို့ အလွန်သတိထားသင့်တဲ့ အနေအထားကို ရောက်ရှိလာနေပါပီလို့ ဆိုလိုက်ပါရစေ။
#ZinMinTunScreenshot_20180323-001526.png

FACEBOOK IS DELETE | Ecency