Following fanbase in steemauto

Words
180
Reading
1 min
Listen
Play
8y

Steem auto ရဲ့ Fan base မှာ လူတစ်ယောက်ကို ဘယ်လို follow လုပ်မလဲ
ကျွန်တော်တို့အနေနဲ့ လူတစ်ယောက်ရေးတာကို သဘောကျတယ်။ သူဘာပဲ ရေးရေး upvote ပေးချင်တယ် ဆိုရင် fan base မှာ follow လုပ်ထားလို့ရပါတယ်။ ဒါမှ မဟုတ်ရင်လဲ အဲ့ဒိလူက bid botတွေသုံးတတ်တယ်ဆိုရင်လဲ အခုလိုပဲ follow လုပ်ထားနိုင်ပါတယ်။

ပထမဆုံး https://steemauto.com ကိုဝင်လိုက်ပါ။ Steemconnect ကိုသုံးပြီးဝင်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ setting ကို ဘယ်လိုထားရမလဲ ဆိုတာပြောပြမှာဖြစ်ပါတယ်။

alt

အပေါ်ဆုံးမှာ ရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။ ပြီးရင် Click to edit ကို နှိပ်ပါ။ ထပ်ပြီးတော့ အောက်ကပုံမှာပြထားသလို ၉၀ ကိုရိုက်ထည့်လိုက်ပြီးတော့ Submit ကိုနှိပ်ပါ။ ၉၀ ဘာလို့ထားသလဲ ဆိုတော့ ၉၀ ထက်နည်းသွားရင် vote value ကနည်းသွားပါတယ်။

alt

နောက်တစ်ဆင့်မှာကတော့ fanbase ကိုနှိပ်ပါ။ ပြီးတော့ အောက်ကပုံမှာ ပြထားသလို for example: mahdiyari ဆိုတဲ့ နေရာမှာ ptcmyanmar ကိုထည့်ပါ။ ဥပမာ ပေးတာပါ။ ကိုယ် follow လုပ်ချင်တဲ့သူနာမည်ကိုထည့်ပါ။

alt

ကျွန်တော်က ptcmyanmar ကို follow လုပ်ထားတဲ့ အတွက် ptcmyanmar ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။

alt

Setting ကိုနှိပ်ပါ။

alt

အပေါ်ဆုံးက voting weight ပါ။ ကျွန်တော်ကတော့ ၁၀၀ ထားပါတယ်။
သူ့အောက်ကဟာကတော့ ပိုစ့်တင်ပြီးတာနဲ့ ဘယ်လောက်အကြာမှာ upvote ပေးမလဲပေါ့။ ၂၀ မိနစ်က အကောင်းဆုံးပါ။
Daily limit ကတော့ တစ်နေ့ကို ဘယ်နှစ်ခါ upvote ပေးမလဲပေါ့။ ကျွန်တော်ကတော့ 1 ပဲထားပါတယ်။
အောက်ဆုံးတစ်ခုကတော့ enable လုပ်ထားမလားပေါ့။ အစိမ်းလေးပြနေရင် enable ပါ။ တကယ်လို့ vote မပေးချင်ရင်တော့ disable လုပ်ထားလို့ရပါတယ်။ ပြီးတာနဲ့ save setting ကို နှိပ်ပေးပါ။

တစ်ကယ်လို့ လူအများကြီးကို တစ်ခါထဲနဲ့ update လုပ်ချင်တယ်ဆိုရင် ကိုယ် ပြောင်းချင်တဲ့သူတွေကို ရွေးလိုက်ပါ။ ဘယ်ဘယ်မှာရှိတဲ့လေးထောင့်ကွက်လေးကို အမှန်ခြစ်လိုက်ပါ။ ပြီးတာနဲ့ Setting for selections ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ နေရာမှာ ပြောင်းလိုက်လို့ရပါတယ်။ တစ်ကယ်လို့ follow မလုပ်ချင်ရင် unfollow လုပ်လိုက်ပါ။ ဒါမှမဟုတ်ရင်လဲ disable လုပ်လိုက်ပါ။

alt


Fan base မှာ follow လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တင်တဲ့ပိုစ့်တိုင်းကို မလွတ်အောင်ရယ်၊ curator rewards များများရအောင်ရယ်လို့ဖြစ်ပါတယ်။

Author:ptcmyanmar



Posted from my blog with SteemPress : http://youcanmediagroup.com/blog/following-fanbase-in-steemauto/
Following fanbase in steemauto | Ecency