The Life Poem

Words
44
Reading
1 min
Listen
Play
8y

image

ခဏလေးပါ

လက်ညှိုးတွေနဲ့ အပြစ်လို့အမည်တပ်
ခါးသီးခြင်းအရသာကို နားနဲ့ခံပြီး
နေ့ရက်တွေကို အပိုလို့သတ်မှတ်ရလောက်အောင်
ကိုယ်ချင်းမစာတဲ့ ပညာတတ်နှလုံးသားမဲ့တွေကြားမှာ
ငိုချင်းကို အကြိမ်ကြိမ်ချ ဒါဟာကျိန်စာပါကွာလို့သိချိန်
ခဏလေးပါပဲ။

မဆုံချင်တော့တဲ့ မျက်ရည်မိုးလည်း
သက်သေတွေပျိုးပြီး အခက်တွေစင်ဖို့
လက်ကြမ်းကိုမာ ဝမ်းမီးကိုမြိုက်
ဒဏ်ရာကြိမ်ဖန်မေ့ပြီး
အခါတစ်ရာမက ကြိုးစားလိုက်တယ်
ခဏလေးပါပဲ။

နေ့စဉ်ရက်ဆက်ပါပဲ
မျက်ရည်နဲ့မျက်ခွက်
မဝတဲ့ဝမ်းကို ထမင်းကြမ်းတွေလောင်းချ
တောင်းတတဲ့ဘဝအိမ် အလှဆင်ဖို့
လေမိုးတွေကြားမှာ အုတ်မြစ်ချ
မျက်ရည်ကို ခေါင်းအုံးနဲ့အဖော်ပြု
အခြေပြုလိုက်တဲ့အောက်ခြေက
ခဏလေးပါပဲ။

ခဏလေးပါပဲ ဆိုပြီး
မဟားတရား ပေးသွားတဲ့
လောကဒဏ်ရာကြီးကြီးထဲမှာ
ခြသေ့င်္တစ်ကောင်ကတော့
မာန်ဟုန်အပြည့်နဲ့တောင်ကိုနင်းပြီး
အောက်ပြန်ကြည့်တယ်...ခဏလေးပါပဲ။

ဘာမထီဘွား