Military Equipment

Words
106
Reading
1 min
Listen
Play
8y

image

လုံခြုံရေးတပ်ဖွဲ့တွေအတွက် အဓိပ္ပါယ်ရှိတဲ့ စစ်ဦးထုပ်
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ စစ်ဦးထုပ်တွေအကြောင်း တင်ပြပေးပါမယ်။

image
စစ်ဦးထုပ်တွေဟာ သာမန်ပြည်သူတွေ ဆောင်းတဲ့ဦးထုပ်တွေနဲ့မတူတဲ့ပုံစံရှိပြီး ဒီဦးထုပ်မျိုးကို တရားဥပဒေစိုးမိုးရေးဆိုင်ရာအေဂျင်စီတွေနဲ့ မီးသတ်ဌာနတို့မှာလည်း အသုံးပြုဆောင်းကြလေ့ ရှိပါတယ်။ ဒီဦးထုပ်တွေကို တောက်ပြောင်နေတဲ့လည်သာတွေနဲ့ အသုံးပြုပြုလုပ်လေ့ရှိပြီး ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့အခါမှာတော့ လည်သာနေရာမှာ တခြားပစ္စည်းတွေကို အစားထိုးပြီး ပြုလုပ်လာကြပါတယ်။ ဦးထုပ်ကို လည်သာ ဒါမှမဟုတ် တခြားအဆင်ပြေတဲ့အရာနဲ့ အစားထိုးချုပ်လုပ်ပြီးတဲ့နောက် သရဖူ၊ အရစ်နဲ့ အဆောင်အယောင်တွေကိုကလည်း မပါမဖြစ်ပါပဲ။ သရဖူကလည်း စစ်တပ်တွေအလိုက် သတ်မှတ်ထားတဲ့ အရောင်အမျိုးမျိုးရှိပါတယ်။ ရေတပ်အတွက်ဆိုရင် အဖြူရောင်၊ လေတပ်အတွက်ဆိုရင် အပြာရောင်၊ ကြည်းတပ်အတွက်ဆိုရင် အစိမ်းရောင် စသဖြင့် သတ်မှတ်ထားပါတယ်။ အရစ်ကတော့ ပုံမှန်အားဖြင့် အမည်းရောင်ကိုသာ အသုံးပြုလေ့ရှိပါတယ်။ ဗြိတိန်စစ်တပ်မှာတော့ တပ်ရင်းနဲ့ တပ်မတွေအလိုက် ကွဲပြားတဲ့တံဆိပ်တွေ ကိုလည်း သတ်မှတ်ကြလေ့ရှိပါတယ်။

အမေရိကန်မှာတော့ ၀န်ဆောင်မှုပေးတဲ့ဌာနတွေအလိုက် ဦးထုပ်တွေကို သတ်မှတ်ကြလေ့ရှိပြီး ကွဲပြားတဲ့အဆင့်တွေအပေါ်မူတည်ကာ ကွဲပြားတဲ့ပုံစံဒီဇိုင်းတွေရှိကြပါတယ်။

ဒီစစ်ဦးထုပ်တွေဟာ ၁၉ ရာစုအစောပိုင်းက ဥရောပမြောက်ပိုင်းကနေ စတင်ပေါ်ပေါက်တယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်ကာလကတော့ အလုပ်အကိုင်ရှိသူတွေသာ ၀တ်ဆင်ကြလေ့ရှိပါတယ်။ နောက်ပိုင်း Napoleonic စစ်ပွဲတွေအတွင်းမှာတော့ ရုရှားနဲ့ တခြားစစ်တပ်တွေမှာပါ တွေ့မြင်လာရပါတယ်။ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့အတွက်လည်း ပိုမိုကျော်ကြားလာပါတယ်။ bicorns၊ shakos စတဲ့စစ်ဦးထုပ်အမျိုးအစားတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ၁၈၁၅ ကနေ ၁၈၄၈ ခုနှစ်အတွင်း Biedermeire ကာလအတွင်း ဂျာမနီနဲ့ သြစတြီးယားစစ်သားတွေရဲ့ ၀တ်စုံအစိတ်အပိုင်းအနေနဲ့လည်း တည်ရှိခဲ့ပါတယ်။ ၂၀ ရာစုအတွင်းမှာတော့ နိုင်ငံတွေတိုင်းမှာ ကြည်းတပ်၊ လေတပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့ စသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေအလိုက် ဦးထုပ်အရောင်တွေကိုလည်း ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။

Military Equipment | Ecency