“အင်္ဂလိပ်စာကို ဘယ်လိုလေ့လာမလဲ” (ဘာသာပြန်-ဆုမွန်)
၆။ အင်္ဂလိပ် ရေဒီယိုအစီအစဉ် (သို့) အသံဖိုင်များ နားထောင်ပါ။
သင့်ရဲ့ အင်္ဂလိပ်နားလည်မှုစွမ်းရည် တိုးတက်စေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ အင်္ဂလိပ်ဘာသာ အသံဖိုင်များ၊ ဖုန်းပေါ်ရှိ ရေဒီယို appများနဲ့ MP3 အသံဖိုင်များကို Download ယူဖို့ပဲ ဖြစ်ပါတယ်။
• သင်ဟာ ရေဒီယိုအစီအစဉ်တွေနဲ့ အသံဖိုင်များအား တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ကြာအောင် အားစိုက်နားထောင်သင့်ပါတယ်။ အားကစားရုံမှာ၊ အလုပ် အသွားအပြန်မှာ၊ ဒါမှမဟုတ် ကွန်ပျူတာမှာ ထိုင်နေစဉ်အတွင်းမှာ နားထောင်ပါ။
• ဘာတွေပြောသွားလဲဆိုတာ နားလည်အောင် အားထုတ်ကြည့်ပါ။ အင်္ဂလိပ်စကားတွေ သင့်ကို ကျော်မသွားပါစေနဲ့။ အရမ်းမြန်လွန်းလို့ နားလည်ဖို့ ခက်ခဲတယ်ဆိုရင်တောင်၊ ပြောသွားတဲ့ အကြောင်းအရာရဲ့ အနှစ်ချုပ် အတွေးခေါ်ရရှိအောင် အဓိကစကားလုံးတွေနဲ့ စကားစုတွေကို ကြိုးစားရွေးထုတ်ကြည့်ပါ။
• တတ်နိုင်ရင် သင်နားမလည်လိုက်တဲ့ စကားစုတွေနဲ့ စကားလုံးတွေကို မှတ်စုတစ်အုပ် လုပ်ထားပြီး၊ ဘာသာပြန်ကို မကြာမကြာ ပြန်ကြည့်ပေးပါ။ အဲ့ဒိနောက်၊ စကားစပ်ထဲက စကားလုံးအသစ်တွေနဲ့ စကားစုတွေကို ကြားရအောင် အသံဖိုင်ကို ပြန်နားထောင်ပေးပါ။
#ဘာသာပြန်- ဆုမွန်
How to learn English
• You should then make an effort to listen to the podcasts or radio shows for at least 30 minutes per day. Do it in the gym, on your commute to work, or while you’re sitting at your computer.
• Make an effort to understand what’s being said, don’t just let the English wash over you. Even if you find it too fast, try to pick out key words and phrases to get a general idea of what the conversation is about.
• If you can, make a note of any words or phrases that you don’t understand and look up the translation afterwards. Then listen to the podcast or show again to hear the new words or phrases in context.