ရုန်းခက်တဲ့နှောင်

sumonthwe(34)
Published in
#msu
Words
50
Reading
1 min
Listen
Play
8y

မင်းဟာ ကျားလား
တောဘုရင်လား
လှောင်အိမ်ထဲရောက်ရင်တော့
ကြွက်သာသာပါပဲ
အတောင်လေးဆယ်ကျယ်ပြောခဲ့တာတွေ
ဟိန်းသံတချက်မှာ အသက်ထွက်ခဲ့တဲ့သတ္တဝါငယ်တွေ
ထီမထင်ပီပြင်ခဲ့တဲ့ကျားဘဝ
ဒီအချိန်မှာမစဉ်းစားနဲ့
အသားစားခဲ့ဖူးပေမယ့် မင်းဟာအလှောင်ခံထားရတဲ့ကျား
နည်းနည်းမှအမှားမခံဘူး
သွေးတရဲရဲအသားတွေရချင်မှရမယ်
အညှိတစို့စို့အနံ့တွေရချင်မှရမယ်
လတ်ဆတ်တဲ့ချိုမြိန်ခြင်းတွေ ရချင်မှရမယ်
မင်းဟာ လှောင်အိမ်ထဲကကျား။
ပုပ်အဲ့အဲ့အသားတတုံးဟာ
မင်းတရက်စာအဟာရဖြစ်ချင်ဖြစ်နိုင်တယ်
အသွေးမရှိဘူး အသားနည်းတယ်
အရိုးတွင်းချဉ်ဆီစုပ်ရရင်ကို နေပျော်နေပြီမှတ်
ဘာဖြစ်လို့လဲမမေးနဲ့ မာန်မာနမထောင်နဲ့
အရောင်တွေနဲ့မတောက်ကြွားနဲ့
မင်းဟာလှောင်အိမ်ထဲကကျား
လမ်းလျှောက်ဖို့အရှေ့ဆယ်လှမ်း
အနောက်ဆယ်လှမ်းရှိမယ်
ပတ်ဝန်းကျင်အနေအထားအရ
တောက်ပစူးရှတဲ့မျက်လုံးအတွက်
စတေးခံမယ့်သားကောင်မရှိဘူး
သစ်ပင်သစ်ခြောက် ခပ်ဖျောက်ဖျောက်ကြားမှာ
မဟန်နိုင်တဲ့ခြေလှမ်းတွေဟာ ခပ်ကြမ်းကြမ်း
မြေပြင်စိုစိစိမှာ ငိုမိလည်းကြိတ်ခံပေတော့
မင်းအင်မင်းအားနဲ့ မတွန်းလှန်နိုင်တဲ့သံတိုင်တွေကြား
ငိုရုံမှတပါး………………
မင်းဟာ
လှောင်အိမ်ထဲကကျား။

#စုမွန်သွယ် msu 057

Image Source

image

ရုန်းခက်တဲ့နှောင် | Ecency