အိပ်မက်ကို အိပ်မက်မှန်း ပြန်သိပြီး မနိုးအောင် ထိန်းရတာ သိပ်ပင်ပန်းမှန်း ကြုံဖူးသူမှသိလိမ့်မည်။ တကယ်တော့ ကမ္ဘာငယ်လေးထဲက ခနတာရုန်းထွက်မှုသာ… ။
ထွက်ပြေးမှုထဲတွင် လွတ်မြောက်မှုများစွာ ရောပြွန်းနေသည်။ ခက်ခဲပင်ပန်းမှု နာကျင်ခြင်းဝေဒနာအစုစုအား လိုရာပန်းတိုင်အရောက်တွင် ငိုကြွေးခြင်းဖြင့် အဆုံးသက်လိုက်ရသည်။ တကယ်တော့ ရုန်းကန်ပူပန်မှုဆိုသည်မှာ စိတ်၏စေစားရာပင်ဖြစ်သည်။ လူဟောင်းတွေကို တွေ့သည်။ စိတ်ဟောင်းတွေဖြင့် ပွေ့ဖက်ဖို့ ကြိုးစားကြသည်။ လိုချင်သော အမှန်တရားသည် ထိုနေရာတွင်မဟုတ်ကြောင်း ရိပ်စားမိ၍ ကမ်းသောလက်တွေကို တွန်းချပုပ်ထုတ်ပြီး အဝေးကိုပြေးခဲ့သည်။ ကိုယ် အရပ်ဒေသတခုကို တကယ်ပင်ရောက်သွားခဲ့သည်။
အစီးအနင်းယဉ်မရှိ ၊ ဆူညံသံမရှိ ၊ ရှုပ်ပွညစ်ပတ်မှုမရှိ ၊ ပွေလီမှုမရှိ ။ ပကတိရိုးရှင်းသော ထိုအရပ်သည် အလင်းအတိဖြင့် ပြီး၏။ ငြိမ်သက်ခြင်းဖြင့် အတိပြီး၏။ အိပ်မက်ကို အိပ်မက်မှန်းသိလိုက်ချိန်တွင် အိပ်မက်မှ မနိုးရန် အကြိမ်ကြိမ်ကြိုးစားရင်းဖြင့် အိပ်မက်မှ လန့်နိုးခဲ့သည်။ ကိုယ် ဒေသတခုကို အမှန်ပင်ရောက်ခဲ့သည်။ :)
#စုမွန်သွယ်
MSU No 057