သုခဘုံသို့ တဆင့်လို

sumonthwe(34)
Published in
#msu
Words
58
Reading
1 min
Listen
Play
8y

တောင်တန်းကြီးတွေရှိတယ်လို့ပြောရင်
မင်းယုံမလားမိတာ
တောအုပ်ကြီးတွေလည်းစိမ်းစိမ်းစိုလို့
နေရောင်လာရင်ပျော်တဲ့အရပ်မှာ
ကိုယ်ရောက်နေတာ မနည်းကြာခဲ့ပြီမိတာရယ်
ကောင်းကင်ကတိမ်ထူထူတွေကိုပဲ
မက်မက်မောမော ငေးကြည့်ဖြစ်တဲ့တရက်တာတွေ
ကိုယ့်မှာရှိတယ်
အရွက်ကြွေလက်စသစ်ပင်လေးတွေကို
စူးစိုက်ကြည့်ဖြစ်ခဲ့တဲ့ တရက်တာတွေ
ကိုယ့်မှာရှိတယ်
တလွင့်လွင့်တဝဲဝဲ
မေပဲလ်ရွက်ကြွေတွေကိုလိုက်ရေတွက်နေတဲ့
တရက်တာတွေ ကိုယ့်မှာရှိတယ်
ရောင်စုံရွက်ကြွေတွေကြား
အံ့သြတကြီးနဲ့ရင်သပ်ရှုမောရတဲ့တရက်တာတွေ
ကိုယ့်မှာရှိတယ်
ကိုယ့်ကောင်းကင်ဟာ သိပ်ကြည်စင်တယ်ပြောရင်
မင်းယုံနိုင်ပါ့မလား
အသက်ရှူတဲ့လေတွေလတ်ဆတ်တယ်
ချွေးမထွက်တော့ အတွေးတွေလည်းသပ်ရပ်တယ်
ကိုယ်နေပျော်ပါတယ်
ဒီအရပ်မှာပွင့်တဲ့ပန်းလေးတွေ
ကံကောင်းကြတယ်မိတာ
ခူးဆွတ်ဖျက်စီးမယ့်သူမရှိဘူး
ရန်လိုခြေမွမယ့်သူမရှိဘူး
သူ့အပင်မှာသူတို့ သက်တမ်းစေ့လှနိုင်ကြတယ်
မနက်မိုးလင်းလို့ စမြင်ရတဲ့မြင်ကွင်းဟာ
ဒီနေ့အထိကိုယ့်ကိုသာယာစေတယ်
ဆေးလိပ်ငွေ့တွေကင်းစင်တယ်
ကွမ်းတံတွေးကွက်တွေမတွေ့ရဘူး
ဆူညံအော်ဟစ်တာတွေမလုပ်ကြဘူး
ကိုယ်မင်းကိုပြောခဲ့ဖူးတာမှတ်မိနိုင်ပါ့မလားမိတာ
အဲ့ဒီ့အရပ်ကို ကိုယ်သွားမယ်
အထုပ်ပြင်ထားတယ်ဆိုတာလေ
ကိုယ်ပြချင်တဲ့ရှုခင်းတွေ ကိုယ်ပြောချင်တဲ့စကားတွေ
မင်းမြင်နိုင်ကြားနိုင်ပါစေ
ကိုယ်နေတဲ့အရပ်ကို မင်းလည်းအရောက်လာနိုင်ပါစေ
ချစ်ခြင်းတွေအပြည့်နဲ့ ကိုယ်စောင့်ကြိုရာအရပ်
မင်းထွက်ခဲ့နိုင်ပါစေ
ပျော်ရွှင်စရာစွန့်စားခန်းတွေကို
မင်းအတွက်လက်ဆောင်ပေးပါရစေမိတာရေ ……
image
စုမွန်သွယ် msu 057

သုခဘုံသို့ တဆင့်လို | Ecency